Unicode

688 98 11
                                    

လူတစ်ယောက်ဟာ စကားမပြောတတ်ဘူးဆိုပါစို့၊ ဆွံ့အနားမကြားဆိုတာက လူတိုင်းတော့မဖြစ်ဘူးမလား။

သူ့နာမည်ကို ထင်ကျော်ဦးလို့မှတ်ထားပေးနော်။ အသိတွေကတော့ ကိုကျော်ဦးလို့ ခေါ်ကြတယ်။ သူက snack တွေရောင်းတဲ့ snack bar တစ်ခုက bartender တစ်ယောက်ပေါ့။ သူလုပ်ရတာက ကော်ဖီနဲ့အအေးဖျော်ရတာ။ သူစကားမပြောတတ်ဘူး။ သူငယ်ငယ်တုန်းကတည်းက သူစကားမပြောတတ်ခဲ့တာ။ ဒါပေမဲ့ စာရေးတတ်တယ်၊ စာဖတ်တတ်တယ်။ အရေးအကြီးဆုံးက သူကြားတယ်၊ သူမြင်တယ်။ ဒါကြောင့်သူ့ဘဝထဲမှာ ဘာကမှ အနှောင့်အယှက်မရှိဘူး။ သူ့ဘာသာ အေးအေးသက်သာ ဖြတ်သန်းနေတာမျိုး။ သူ့အိမ်ကတော့ သူ့ကို ဒုက္ခိတလေးလို ဆက်ဆံတာ၊ ဒါကိုတော့ သူသဘောမကျဘူး။ သူက သနားစရာလေးမှမဟုတ်တာ၊ သူက လူသာမန်တွေလုပ်သမျှအကုန်လုပ်နိုင်တယ်လေ။

သူအသံမထွက်တာကြောင့်ဆိုရင်တော့ စိတ်မပူပါနဲ့။ သူ့လက်ထဲမှာ ချူကလေးတစ်လုံးရှိတယ်လေ။ တစ်ခုခုသူအခက်ကြုံရင် သူက ချူကလေးကို လှုပ်လိုက်ရုံပဲ။

ဒီနေ့လည်း ခါတိုင်းလိုပဲ သူအလုပ်ဝင်နေတယ်။ သူတို့အလုပ်မှာ သိပ်မကြာခင်က အလုပ်ဝင်တဲ့ကလေးမလေးတစ်ယောက်ရှိတယ်။ အဲ့ကလေးမလေးက တော်တော်လေးတော့ချောတယ်။ သူ့အနားဆို အကြောင်းမရှိအကြောင်းရှာ ကပ်နေကတည်းက ကလေးမလေး သူ့အပေါ် ဘယ်လိုသဘောထားသလဲဆိုတာ ​​အထူးအထွေပြောစရာကိုမလိုတာ။

သူ့ဘက်က ကလေးမလေးကို သလောမကျပေမဲ့ တစ်ဖက်မိန်းကလေးကိုတော့ သူစာနာရမယ်လေ။ အတင်းကြီးရှောင်ပြရင် ဆယ်ကျော်သက်ကလေးမလေး အရှက်ရသွားမှာလည်းစိုးရသေးတယ်။

" ကိုဦး.... ဒါလေးစားကြည့်ပါဦး "

နေ့ခင်းထမင်းစားနားချိန်မှာ ဆိုင်ကလေးက အဆိုင်းနဲ့ထဏနားကြရတယ်။ ထမင်းစားစားပွဲမှာ အမေထည့်ပေးလိုက်တဲ့ ထမင်းဘူးလေးသူဖွင့်စားနေတုန်း သူ့ရှေ့ရောက်လာတဲ့ ကြက်ဥလိပ်ပန်းကန်လေး။

သူလက်ကာပြပေမဲ့ သူ့ထမင်းဘူးထဲ အသည်းအသန်ထည့်ပေးဖို့လုပ်လာတာမို့ ကလေးမလေးစိတ်ကျေနပ်အောင် တစ်တုံးယူစားလိုက်မိတယ်။

မင်းနဲ့ငါ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ရအောင် (OS)Where stories live. Discover now