Chapter (3)
လုံခြုံရေးအရ ဟဲ့ကျီ၏အိမ်တွင် ကင်မရာတပ်ဆင်ထားခြင်း မရှိပေ။ ထို့ကြောင့် ဟဲ့ကျိ၏လုပ်ရပ်များကို ကြည့်ရှုရန်နည်းလမ်း ကျိမောင်တွင်မရှိဖြစ်နေသည်။ သူသည် ဟဲ့ကျီကိုတစ်ချက်ကြည့်ရုံသာ ကြည့်နိုင်သည်။
ဟဲ့ကျီသည် ရှည်လျားသော တုတ်တစ်ချောင်းကို လက်၌ကိုင်ထားလျက် သုံးမီတာသာကွာဝေးသော သူ့ထံသို့ ဖြည်းဖြည်းချင်း ရွှေ့လာနေသည်။
ကျိမောင် ပရိုဂရမ်တစ်ခုချမှတ်ပြီးသည့်အချိန်တွင် သူ့ခေါင်းအထက် မီးဆိုင်းဆီမှ အလင်းရောင်ဖြာကျလာပြီး ဟဲ့ကျီ၏မျက်လုံးများ သူ့မျက်နှာပေါ်သို့ ကျရောက်လာသည်။
ကျိမောင်တွင် လှုပ်ရွေ့ရန်အချိန်မရှိသလို ဟဲ့ကျီတွင်လည်း ရှိမနေပေ။
ဟဲ့ကျီသည် ကျိမောင်၏မျက်နှာကို စိုက်ကြည့်နေပြီး ခဏမျှအေးခဲသွားပြီးနောက် ကျိန်ဆဲသောစကားတစ်ခွန်းနှင့် " မင်းဘယ်တုန်းက ရောက်လာတာလဲ?? " ဟု မေးလိုက်သည်။
ကျိမောင်လည်း မလှုပ်ရှားဝံ့ပေ။ ဟဲ့ကျီ တစ်ယောက် သူ့အနားကိုကပ်လာပြီး သူ့မျက်နှာကို အသေအချာ စူးစိုက်ကြည့်နေတော့သည်။
ကျိမောင်သည် ဤပြန်လည်ပြုပြင်ပေးထားသော Holographic ပုံရိပ်အတွက် အင်ဂျင်နီယာကို ကျေးဇူးတင်သင့်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ထားသော ဤမျက်နှာကို ဟဲ့ကျီကိုယ်တိုင်ဖန်တီးထားသော ဆော့ဝဲလ်သုံးထားသည်ဖြစ်သည်။ တိကျစွာပြောရလျှင် ဒုတိယဓာတ်ခွဲခန်း၏ ရည်ရွယ်ချက်မှာ ဟဲ့ကျီအား လိင်ပိုင်းဆိုင်ရာ၀န်ဆောင်မှု ပေးရန်ဖြစ်သည်။
ဟဲ့ကျီ၏ နည်းပညာကုမ္ပဏီ ဒုတိယဓာတ်ခွဲခန်းသည် ဇီဝအဆင့်မြင့်စက်ရုပ်များ သုတေသနနှင့် ထုတ်လုပ်ရေးအတွက် အဓိကထားရှိသည်။
ခေတ်မီသိပ္ပံနှင့် နည်းပညာများသည် အဆင့်မြင့်ဥာဏ်ရည်တု (AI)သုတေသနနှင့် ဖွံ့ဖြိုးမှုတွင်မှီဝဲနေသော်လည်း AI အတွက် ခန္ဓာကိုယ်ကိုဖန်တီးရန်နည်းပညာသည် အလွန်ပြည့်စုံနေပြီဖြစ်သည်။ လူသားများနှင့်ဆင်တူသော ဇီဝအဆင့်မြင့်စက်ရုပ် AI များသည် နေရာအမျိုးမျိုး၌ ပြန့်ကျဲနေကြသည်။
أنت تقرأ
Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)
خيال علمي" Lowly Creature " Author- Not! Pikachu / Ka Bi Qiu 卡比丘 English Translator-Snow Project Translations Burmese Translator-littlewillow01 Start Date-22 August 2021 End Date- 7 September 2021 This is Myanmar Translation of Chinese novel " Lowly Creature...