အပိုင်း (၅၆) အခွဲ-၃
ကံကောင်းတာက ဟွားကျူ့ယွီဟာ ယောက်ျားမဟုတ်လို့သာပဲ၊ မဟုတ်ရင် သူမ ဟွမ်ဖူမျိုးနွယ်ရဲ့ မျိုးဆက်၁၈ဆက်လုံးကို ကျိန်စာတိုက်ပြီးသားဖြစ်လိမ့်မယ်။
သူမသာ တကယ်ပဲ ယောက်ျားလေးဖြစ်ခဲ့မယ်ဆိုရင် ထိုဓါးပြုတ်ကျလာတာနဲ့တပြိုင်နက် သူမ အသက်ဆက်ရှင်နေဦးမယ်ဖြစ်ပေမဲ့ အသက်ရှင်တာက သေဆုံးတာထက်ပို၍ကောင်းမှာမဟုတ်ဘူး။
ဟွမ်ဖူဝူရွှမ်းရဲ့ဒီနည်းလမ်းက သူမကိုသတ်ပစ်တာထက်ပို၍တောင် ရက်စက်ကြမ်းကြုတ်၏။
ကဲကုန်းကုန်းရဲ့လက်တွေ သူမ၏ခန္ဓာကိုယ်နား နီးကပ်လာတာကိုမြင်တော့ ဟွားကျူ့ယွီ ခန္ဓာကိုယ်ကိုတွန့်လိမ်ပြီး အတွင်းအားသုံးကာ ကြိုးတွေကိုဖြတ်ပစ်လိုက်တယ်။ သူမ စားပွဲပေါ်မှီ၍ တွန်းကန်အားသုံးကာ လေပေါ်သို့ ခုန်တက်လိုက်သည်။
အခြေအနေတွေက ဒီလိုဖြစ်ပျက်လာပြီမို့ သူမ ဆက်ပြီးဟန်ဆောင်မနေတော့ဘူး။
ဟွားကျူ့ယွီ မိမိကိုယ်ကို အပေါ်သို့တွန်းကန်ပြီး ခန္ဓာကိုယ်ကိုလှည့်နေစဉ် ခြေထောက်က ကဲကုန်းကုန်း၏ လက်ကောက်ဝတ်ကို အလိုအလျောက်ကန်ထုတ်လိုက်တော့ သူ့ရဲ့လက်ထဲကကိရိယာဟာပြုတ်ကျပြီး စားပွဲပေါ်ထိုးစိုက်သွားကာ ဓါးက ဘယ်လောက်တောင်ထက်လဲဆိုတာ ပြသနေတော့သည်။
ရုတ်တရက်ဖြစ်ပျက်သွားတဲ့ အလှည့်အပြောင်းကြောင့် ကဲကုန်းကုန်း အကူအညီအော်ခေါ်ဖို့တောင် မေ့လျော့သွားပြီး လေးစားမှုအရိပ်ယောင်ပြည့်တဲ့မျက်လုံးတွေနဲ့ ဟွားကျူ့ယွီကို ခေါင်းမော့ကြည့်လိုက်၏။
မှိန်ပျပျဖယောင်းတိုင်အလင်းရောင်အောက်မှာ သူ့ရဲ့ရှေ့မှောက်မှာရှိနေတဲ့ ထိုလူငယ်လေးက အလွန်အမင်း သန့်ရှင်းစင်ကြယ်ပြီး ကြီးကျယ်ခမ်းနားကာ ဂုဏ်ကျက်သရေအပြည့်နှင့်ဖြစ်သည်ဟု ခံစားလိုက်ရသည်။
ကဲကုန်းကုန်းတစ်ယောက် သူ့ရဲ့ဘဝတစ်လျှောက်မှာ မရေမတွက်နိုင်လောက်တဲ့လူများစွာနဲ့ တွေ့ဆုံဖူးခဲ့တယ်၊ ချောမောလှပတဲ့ ယောက်ျားပျိုလေးတွေတောင်ပါသေးတယ်၊ သို့သော် အခုချိန်မှာ သူ ထိတ်လန့်စိုးရွံ့နေတုန်းဖြစ်သည်။
ВЫ ЧИТАЕТЕ
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Исторические романыFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...