An Embrace Like A Good Luck Charm (Unicode)

129 2 0
                                    

An Embrace Like A Good Luck Charm

--------------------

ဘဝရဲ့ ခက်ခဲအပင်ပန်းဆုံးအချိန်တွေတိုင်းမှာ သင့်အနေနဲ့ ပြေးဖက်ပြီး တိုးဝင်ထားချင်မိဆုံး ရင်ခွင်တစ်ခု ရှိကောင်းရှိမှာပါ။

အကြောင်းတရားကတော့
အဲဒီရင်ခွင်လေးကပဲ သင့်ကိုနွေးထွေးလုံခြုံတဲ့ ကံကောင်းခြင်း အငွေ့အသက်လေးတွေ
ပေးစွမ်းနိုင်တယ်လို့ တထစ်ချ ခံယူထားလို့ပဲ။

ထို ရင်ခွင်ပိုင်ရှင်ဆီကနေ ညင်သာနူးညံ့တဲ့ အကြင်နာ အနမ်းပန်းလေးတစ်ပွင့်ပဲဖြစ်ဖြစ် ရချင်ရုံတင်မက ချစ်တယ်ဆိုတဲ့ စကားလုံးချိုချိုလေးတွေကိုလည်း ကြားချင်မိသေးသား။

ဤသည်ကို လူ့သဘာဝဟု ခေါ်တွင်စမြဲ။

သစ်ရွက်ကြွေရင်တောင် ရင်ခုန်တတ်တဲ့ လူပျိုပေါက်စဆယ်ကျော်သက်အရွယ်လေးထဲကနေ ခုထက်ထိတိုင် ကျွန်တော်လည်း မျှော်လင့်မိပါသည်။

ကံကောင်းခြင်းအငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ရင်ခွင်တစ်ခုကို ။

ထိုကဲ့သို့ရင်ခွင်လေးအား စိတ်နှင့်လူပင်ပန်းဆင်းရဲလာလေတိုင်း တောင့်တမိတတ်​၏ ။

အကြောင်းကမူ ကျွန်တော်ငယ်ငယ်လေးထဲကပင် လူ့အသိုင်းအဝိုင်းရဲ့ အပယ်ခံ မိဘမဲ့တစ်ကောင်ကြွက်ဖြစ်ခဲ့တာကြောင့်လို့ ဒီဇာတ်လမ်းကို အစပျိုးရပေမည်။

ကျွန်တော့်နာမည်ဟာ ဒီယံလှိုင်း။

မွေးစားမိခင်ရှိခဲ့သော်လည်း သူမဟာ ကျွန်တော့်အသက် ၉ နှစ်မှာ သွေးကင်ဆာဖြင့် ကွယ်လွန်ခဲ့​သည် ။ ထိုမှစ၍ ကျွန်တော်ဟာစားသောက်ဆိုင် တစ်ခုမှာ စားပွဲထိုးဝင်လုပ်ရင်း သူများအိမ်မှာ ကပ်နေခဲ့ရသော ဘဝရောက်ခဲ့သည်။

ကျွန်တော် စားပွဲထိုးရင်းကနေရရှိလာတဲ့ လခတွေနဲ့ပဲ ခက်ခက်ခဲခဲ ကျောင်းဆက်တက်ခဲ့ရသည်။ အဲဒီလို ကျောင်းတက်ရင်း ကျွန်တော့်အနေနဲ့ ကျောင်းကိုယ်စားပြုပြိုင်ပွဲအသီးသီးမှာ နှစ်စဉ်ထူးချွန်ဆုများ ဆွတ်ခူးရရှိခဲ့​၏ ။

ကျွန်တော် ပညာရေးကို စိတ်ပါဝင်စားသကဲ့သို့ အနုပညာဘက်က တယောတီးခြင်းကိုလည်း အလွန်အမင်း ဝါသနာကြီးခဲ့သည်။

My Lucky Clover🍀, My Pretty Good Charm(BL one shot) Where stories live. Discover now