Unicode
"ဘာ..!!"
ကျိရန်ရဲ့ အော်သံကြောင့် ရှောင်းကျန့်လန့်သွားရသည်။
"ဘာလို့အော်နေတာလဲလဒရဲ့၊ အဲ့ဒါကြောင့် မင်းရည်းစားမရတာ"
"ဟောက်ရွှမ်းလေးက ငါ့ကိုရှယ်ချစ်မှာလေ"
ချစ်တာတောင်မဟုတ်ပဲ ချစ်မှာပဲရှိသေးတဲ့ အခြေအနေနဲ့ ကျိရန်က ဂုဏ်ဆာချင်နေသေးသည်။
"အိပ်မက်ကနေ နိုးထစမ်းကျိရန်ရာ၊ ဟိုကဖြင့် မင်းနာမည်ကိုတောင် မကြားချင်ပါဘူးတဲ့ဆို"
"ဘယ်သူပြောလဲ"
"ဝမ်ရိပေါ်ပြောတာလေ"
စိတ်ကူးယဉ်နေတဲ့ ကျိရန်က ငြိမ်ကျသွားသည်။ ဒီကောင်တစ်ကယ်ကြီး ချစ်နေတာပဲ။
"ငါ့ကိစ္စခနထား မင်းကရော၊ မင်းတို့တစ်ကယ်ကြီး ဘာမှမဖြစ်သေးတာလား"
"အေးလို့"
"နမ်းလည်းမနမ်းဖူးဘူး?"
"နမ်းတော့ နမ်းဖူးတာပေါ့ကွ၊ မင်းပြောသလိုတော့ မလုပ်ရသေးဘူး"
ပြောရင်း ရှောင်းကျန့်က နားရွက်တွေရဲတက်လာသည်။
"မင်းတို့ယူပြီးတာ တစ်ပတ်ကျော်ပြီလေ၊ ဒါမဖြစ်သင့်ဘူးဟေ့ကောင်၊ ငါ့ကိုပဲကြည့် ဟောက်ဟောက်လေးဆီက အချစ်ကို မရသေးပေမယ့် ငါတို့ဖြစ်ပြီးကြပြီလေ"
"အဲ့ကိစ္စကြောင့်ပဲ မင်းကို မျက်နှာချင်းမဆိုင်တော့တာလေးလဲ ထည့်ပြော"
"ထားပါ၊ ငါပြောချင်တာက sexကိစ္စဆိုတာ ယူပြီးသွားရင် ဖြစ်ကြတာ သဘာဝပဲလေ"
"ငါသူ့ကို မထိရက်ဘူး"
"ယူထားပြီး အလှကြည့်နေတဲ့ထဲ မင်းက ပထမဆုံးပဲရောင်းကျန့်"
"သူစိတ်ဆိုးမှာကွ သူ့အကြောင်းကို ငါအသိဆုံး"
"ဘယ်သူ့အကြောင်းကို သိတာလဲ"
ရုံးခန်းထဲ ခွင့်မတောင်းပဲ ဝင်လာသူက ဝမ်ရိပေါ်ဖြစ်သည်။ အိုမလုံ အုံပွင့်ဆိုသလို ရှောင်းကျန့်က တံခါးနားအပြေးသွားကာ ဝမ်ရိပေါ်ကို ကြိုဆိုရသည်။ ကျိရန်ကိုလည်း မျက်နှာရိပ် မျက်နှာကဲဖြင့် ဆက်မပြောဖို့ နှုတ်ပိတ်ရသေးသည်။
YOU ARE READING
From Love To Marriage (ဘု နဲ့ ဘောက် S2) [Completed]
Fanficဘု နဲ့ ဘောက် ကို season 2 ရေးဖြစ်ခဲ့ပါသည်။ ရန်ဖြစ်မယ်၊ ပြီးရင်တော့ ပြန်ချစ်ကြေးပေါ့။