Chapter (4)
ပြင်ပဆက်သွယ်မှု အများစုကို ဖြတ်တောက်လိုက်သော ကျိမောင်နှင့်မတူဘဲ ဟဲ့ကျီသည်တော့ မနေ့ကအဖြစ်အပျက်ကို သတိရသွားခဲ့ပြီး အိပ်ရာပေါ် လှဲလိုက်သည်။
လဝက်ပုံမှန်အစည်းအဝေး ပြီးဆုံးပြီးနောက် ယမန်နေ့မွန်းလွဲ ၆ နာရီတွင် အစည်းအဝေးပြီးသောအချိန်တွင် သူနှင့် ကုမ္ပဏီ၏ အလယ်အလတ်အဆင့်အမှုဆောင်များသည် ရိုးရိုးရှင်းရှင်းထမင်းတစ်နပ်စားခဲ့ကြပြီး အောက်ထပ်သို့ဆင်းကာ ဂိမ်းစမ်းသပ်ရေးဌာနသို့ ကိုယ်တိုင်ကိုယ်ကျ သွားစစ်ဆေးခဲ့ကြသည်။
သူသည် အတွင်းရေးမှုးနှစ်ဦး၊ လက်ထောက်တစ်ဦးနှင့် ဂိမ်းဌာန၏ အကြီးအကဲတို့ဖြင့် အတူလာခဲ့သည်။
ဟဲ့ကျီ အလွန်စိတ်ဆိုးနေမိသည်။ ယခုလတွင် အမှားစစ်ဆေးမှုဌာနမှ ရှစ်ကြိမ်မြောက်အဖြစ် ဤအရာကို တင်ပြခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီ၏ စမ်းသပ်စစ်ဆေးရေးဌာနသည် အချိန်ကြာမြင့်စွာ ဤအမှားအယွင်းကို အစီအရင်ခံနေခဲ့ပြီး ဂိမ်းအမှားများကို ထပ်မံစမ်းသပ်ပြီးနောက် ၎င်းသည် ပရိုဂရမ်ဌာနနှင့် တိုက်ရိုက်ဆက်သွယ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ထို" TL8 ဂိမ်းအခန်း "၏ အမှားသတင်းပေးပို့မှုသည် ဌာနဆိုင်ရာအချင်းချင်းဆက်သွယ်မှု၏အတိုင်းအတာထက်တောင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ပရိုဂရမ်ဌာန၊ အင်ဂျင်နီယာပြုပြင်ထိန်းသိမ်းရေးဌာနနှင့် စမ်းသပ်ဌာနတို့ ပူးပေါင်း၍ TL8 တွင် စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာလည်း မတွေ့ရှိခဲ့ရပေ။ သို့သော် TL8 ၏ ဂိမ်းစမ်းသပ်မှုသည် မအောင်မမြင်ဖြစ်နေပြီး တာဝန်ခံကျည်ဆံကိုကိုက်ကာ အမှားကို ဆက်လက်တင်ပြနေခဲ့ရသည်။
ပရိုဂရမ်ဌာန၏ " TL8 ဂိမ်းအခန်း "ကို ဒီဇိုင်းဆွဲသော Jimmy ၏ဒီဇိုင်နာ ရှန်ရွှန်းသည်တော့ ပြဿနာမရှိသည့်ပုံဖြင့် ပြတ်ပြတ်သားသားပင် ပြောခဲ့သည်။ " Level တွေမအောင်တာက ခင်ဗျားတို့အရည်အချင်း နိမ့်နေသေးလို့ ဖြစ်မှာပေါ့ "
သူ၏ တာဝန်မဲ့စကားများသည် စမ်းသပ်ဌာနရှိ လုပ်ဖော်ကိုင်ဖက်အားလုံးကို အမောဆို့စေခဲ့သည်။ သေချာသလောက်ပင်. . . ဤဂိမ်းကို အောင်မြင်သွားသည့်လူ မရှိပေ။
VOCÊ ESTÁ LENDO
Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)
Ficção Científica" Lowly Creature " Author- Not! Pikachu / Ka Bi Qiu 卡比丘 English Translator-Snow Project Translations Burmese Translator-littlewillow01 Start Date-22 August 2021 End Date- 7 September 2021 This is Myanmar Translation of Chinese novel " Lowly Creature...