love found me (Zawgyi)

479 54 19
                                    

"ဘာ... အ‌ကစတူဒီယိုငှားခကို ဘတ်ခ်ဟျွန်းက ပေးထားခဲ့တာ ဟုတ်လား"

"အင်း"

ချန်ယောလ်က ခေါင်းညိတ်တော့ ရီရှင်းက စိတ်ရှုပ်ထွေးစွာ သက်ပြင်းချလိုက်မိတယ်။

ဒီနေ့ညနေမှာ သူတို့ အကလေ့ကျင့်တဲ့အခန်းကို အထိုးခံထားရတဲ့ပါးတစ်ဖက်နဲ့ ရောက်လာတဲ့ ချန်ယောလ်က မထင်မှတ်ထားတဲ့အကြောင်းအရာတွေ သယ်ဆောင်လာခဲ့တယ်။ ပထမတစ်ခုက သူတို့အကအဖွဲ့ထဲက ဂျောင်ဆူးလှေကားပေါ်က ပြုတ်ကျထားလို့ ပြိုင်ပွဲမ၀င်နိုင်‌တော့တဲ့အကြောင်း၊ နောက်တစ်ခုက ဘတ်ခ်ဟျွန်းက အခန်းငှားခပေးထားခဲ့တာဆိုတဲ့ အကြောင်း။ သူတို့တစ်ဖွဲ့လုံး သိထားခဲ့တာက ချန်ယောလ်အိမ်က ပိုက်ဆံခဏစိုက်ထုတ်ပေးခဲ့လို့ အခန်းဆက်ငှားနိုင်ခဲ့တယ်ဆိုတာ။

"အခု ဘတ်ခ်ဟျွန်းက ငါနဲ့အဆင်မပြေတော့ဘူးဆိုတော့ သူဆက်ပေးမှာမဟုတ်ဘူး၊ အဲဒါ ငါတို့ဘာသာ ငါတို့ထပ်ရှာရမယ်"

"မင်း ဘတ်ခ်ဟျွန်းကို တစ်ခုခုပြောလိုက်တာလား ချန်ယောလ်"

ပိုက်ဆံရှာဖို့ စိတ်အိုက်နေပုံရတဲ့ ချန်ယောလ်က ဂျုံအင်စကားကြောင့် ခေါင်းမော့ကြည့်လာတယ်။

ဒါပေမဲ့ အဖြေပြန်မလာတဲ့ ချန်ယောလ်ကြောင့် အကြောင်းသိနေတဲ့သူငယ်ချင်းတစ်စုဆီက တစ်ပြိုင်နက်တည်းအသံထွက်လာတယ်။

"မဟုတ်မှလွဲရော မင်း ဘတ်ခ်ဟျွန်းကိုလည်း..."

ဒီတစ်ခါလည်း ချန်ယောလ်က မငြင်းပြန်ဘူး။ ‌ဟုတ်တယ်ဆိုတဲ့သဘောမျိုးနဲ့ နှုတ်ဆိတ်နေတယ်။

"မင်း လွန်နေပြီမထင်ဘူးလား ချန်ယောလ်"

"ငါက ဘာလုပ်နေ‌လို့လဲ၊ သူက ငါ့ကို သဘောကျလို့ ချဉ်းကပ်လာတဲ့လူတွေထဲကတစ်ယောက်ပဲလေ၊ ငါက သူကူညီပေးခဲ့တာရှိလို့ သူလိုချင်နေတဲ့ဟာပေးလိုက်ရုံပဲ"

ချန်ယောလ်က စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကို ထိုးဖွပစ်တယ်။ ပြီးတော့ စိတ်အလိုမကျတဲ့ကလေးတစ်ယောက်လိုမျိုး မကျေနပ်ချက်ကို ထုတ်ပြောလာတယ်။

"မင်းတို့ပဲ စဉ်းစားကြည့်ကွာ၊ ငါက သူ့ကို အတင်းသဘောကျခိုင်းခဲ့လို့လား၊ သူ့ဘာသာ သဘောကျလို့ ငါ့အနားကပ်လာတာပဲလေ...ငါက သူကျေနပ်အောင်လည်း ပြန်လုပ်ပေးရသေးတယ်၊ ဘာလို့ ဒေါသထွက်သွားတာလဲဆိုတာ ငါ နားမလည်ဘူး"

I Found You at the age of 16Tempat cerita menjadi hidup. Temukan sekarang