🐯Unicode🐯
"P'Cho!"
Win ရဲ့ခေါ်သံကို Cho ခေါင်းမော့မကြည့်ပဲ Cho ရဲ့ Brand အသစ်မိတ်ဆက်ပွဲမှာ ဘယ်လို attention ရအောင်လုပ်ရပါ့မလဲ စဥ်းစားမိတာတွေ note ထုတ်နေသည်။
"P'Cho သားကိုကြည့်လို့"
"ပြော Win ရယ် Phi နားထောင်နေသားပဲ"
"ကွန်ပျူတာကိုကြည့်နေတာ သားကိုကြည့်နေတာမှမဟုတ်ပဲလို့ သားပြောလဲကြားမှာမဟုတ်ဘူး"
Cho ရဲ့ခေါင်းကို ဆုံလည်ကုလားထိုင်နောက်မှီပေါ် လှန်ချလိုက်ပြီး Win ကိုမော့ကြည့်လိုက်သည်။ အလုပ်စားပွဲပေါ်တက်ပြီး တင်ပလ္လင်ခွေထိုင်နေတဲ့ Win ကိုမြင်တော့ ပေါက်ပေါက်ရှာရှာ ဆဲပစ်လိုက်ချင်စိတ်ကို မနည်းထိန်းချုပ်နေရသည်။
"ဘယ်လိုနေနေတာလဲ အောက်ကိုဆင်း! Win ရယ် မုန့်ဖိုးပေးလိုက်မယ် သွား သွား သူငယ်ချင်းတွေနဲ့ သွားတွေ့ပါလား Phi မအားဘူးလို့"
ချက်ချင်းညှိုးရော်သွားတဲ့ Win မျက်နှာကြောင့် Cho စိတ်အနည်းငယ်ပျော့သွားသည်။သနားစိတ်ကလေးက ချောင်ကြိုချောင်ကြားက ပေါ်လာသည်။
"Phi ပြောတာက Win ကိုအခုတော်တော်များများက သတိထားမိနေတာလေ Phi ရဲ့အလုပ်ထိကူးလားသန်းလားလုပ်တာ Win ရဲ့ Fan တစ်ယောက်ယောက်မြင်သွားရင် Metawin Group နဲ့ဆက်စပ်မိသွားလိမ့်မယ် မင်းကအ့လိုအာရုံစိုက်တာမခံချင်ဘူးမလား"
"သိသွားလဲ ကိစ္စမရှိပါဘူး သားက တကယ် မျိုးရိုးတောင့်တာပဲဟာ"
Cho လက်နှစ်ဖက်ကို အသာအယာမိုးပေါ်မြှောက်ပြလိုက်ပြီး အရှုံးပေးလိုက်သည်။
"ကဲ ဆို ဘာပြောမလို့လဲ"
"ပျင်းလို့"
"အော် အေးအေး Phi ကပြဖို့လိုသေးလား"
"ကပြရင်လဲ အဆင်ပြေတာပေါ့"
တယ်..ငါထပြီး ဆောင့်ကန်လိုက်ရ!
လက်ရှိ ရေပန်းစားနေတဲ့ BW Brand ထက်ပိုပြီးပေါ်လွင်စေမယ့် idea တွေကို စဥ်းစားရလို့ ခေါင်းမူးတာတစ်မျိုး Company ထိပါလာတဲ့ ငရှုပ်ကတစ်မျိုး..
"ပါးနဲ့ တရုတ်လိုက်သွားပြီးရော..ပင်တိုင်မော်ဒယ်မလုပ်ရလဲဘာဖြစ်လဲ Win ရယ်အပျင်းပြေတာပေါ့.."
CZYTASZ
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed