Ep21~When we are together~

1.6K 75 1
                                    

~When we are together, everything around us becomes as breathtakingly beautiful as our love~

"ခဏစောင့်နော်။ ကိုယ့်အခန်းထဲမှာမို့လို့..."

"အွန်း"

ချေမိုးကပေးစရာရှိတယ်ဆိုပြီးခေါ်တဲ့အတွက် သူလိုက်လာခဲ့ပေမယ့် ချေမိုးကတော့အခန်းထဲဝင်သွားပြီး ပြန်ကိုထွက်မလာဘူး။ သူ့ကိုဘာပစ္စည်းပေးမှာမို့လို့ ဒီထိတောင်ခေါ်လာလဲဆိုတာမသိပေမယ့် ရည်မွန်မျှော်လင့်နေမိသည်။

"ရော့"

"ဘာကြီးလဲ"

ပါကင်ထုတ်ထား​ပြီးသားဖြစ်နေတော့ ဘာပစ္စည်းဆိုတာကို ရည်မွန်မှန်းလို့မရတဲ့အတွက် မေးကြည့်လိုက်ပေမယ့် ချေမိုးကသူ့ကိုမပြောပြဘူး။

"ကိုယ်မင်းလေးကို နေ့တိုင်း ၊ အချိန်တိုင်းတွေးနေမိလို့ ကိုယ့်အတွေးထဲက မင်းလေးအတိုင်းကို ပုံဖော်ထားတဲ့ပစ္စည်းလေး။ မင်းလေးကြိုက်မှာပါ"

"အခုဖွင့်ကြည့်လို့ရလား"

"မရဘူး။ အိမ်ရောက်မှကြည့်။ မင်းလေးသဘောကျဖို့ ကိုယ်မျှော်လင့်တယ်"

"ဒါဆို ငါပြန်တော့မယ်"

"ကောင်းကောင်းပြန်ပါဗျာ"

ဘာပစ္စည်းမှန်းမသိပေမယ့်လို့ ချေမိုးရဲ့အပြောနဲ့တင် ရည်မွန်ရင်ခုန်နေရပြီ။ ချေမိုးက အခုတလော စကားလည်းတအားများလာသလို ၊ ဖွဲ့ဖွဲ့နွဲ့နွဲ့လည်း ပြောတတ်လာသည်။ အခုလိုမျိုးမြင်ရတော့လည်း တစ်မျိုးလေးသဘောကျမိပြန်​ရော။ ကိုယ့်စိတ်က သူ့ကိုပဲမြင်နေတော့လည်း ဘယ်နည်းဘယ်ပုံမဆို စိတ်ထဲကထုတ်လို့ရမှာမဟုတ်ဘူး။

"သားပြန်ရောက်ပြီလား"

"ဟုတ်အမေလေး"

"လက်ထဲကကိုင်ထားတာဘာကြီးလဲ"

"လက်ဆောင်ရလို့ယူလာတာ"

"ဪ"

ဘယ်သူ့ဆီကရတာလဲဆိုတာတော့ သူမပြောပြတော့ဘူး။ ချေမိုးသူ့ကိုပေးတာ ဘာပစ္စည်းမှန်းမသိတော့ ဘယ်သူဘယ်ဝါဆီကရလာတာကို မပြော​ဖြစ်တော့ဘူး။ ရည်မွန်ပြန်ရောက်ရောက်ချင်းကို သိချင်စိတ်ချင်ကြောင့် ဖွင့်ဖောက်ကြည့်လိုက်သည်။

Rain💛Moon (Completed)Where stories live. Discover now