" ဒူးရင်း ပီဇာ ပါဆယ်ထုတ်ပေးပါ"
ကောင်တာမှာ လာမှာနေသော သူ့နံဘေးမှ အသံပြိုင်တူထွက်ပေါ်လာတာကို ကြားသော်လည်း လှည့်မကြည့်မိပေ။ ကောင်တာထိုင်သော ဆိုင်ရှင်အစ်မက အားနာသလို မျက်နှာ ဖြင့်ကြည့်လာသည်။
"အားနာပါတယ်ရှင့် ဆိုင်မှာ ဒူးရင်းပီဇာ ဆိုဒ်သေးတချပ်ပဲ ကျန်ပါတော့တယ်"
ဆိုင်ရှင် ပြောလာသော စကားကြောင့် သူအနည်းငယ် စိတ်ရှုတ်သွားသည်။ ဒီဆိုင်က ဒူးရင်းပီဇာကို ကြိုက်လွန်းသဖြင့် လာခဲ့သည်မို့ ဘေးနားက မိန်းကလေးကို အလျော့ပေးဖို့ စိတ်ကူးမရှိပါ။ လှည့်ကြည့်လိုက်သောအခါ
ခါးလယ်ထိရှည်၍ ဖြောင့်စင်းနေသော မဟော်ဂနီရောင် ဆံနွယ်လေးတွေ။ ပန်းရောင်ဖျော့ဖျော့ ရင်ဖုံးလေးနှင့် ထဘီလေးဟာ ဖြူအုသော အသားအရေပေါ်တွင် လိုက်ဖက်ညီစွာ။လှပသော လက်သွယ်သွယ်လေးနဲ့ ပနံသင့်စွာ လက်ကောက်ဝတ်တွင် နာရီအမည်းရောင်လေး ၊ ခြေချောင်းလေးတွေကို စု၍ ဝတ်ဆင်ထားသော ကွင်းထိုးပန်းရောင် ဒေါက်ဖိနပ်လေး။ အခုမှစတွေ့သော လူတစ်ယောက်ကို စုံချည်ဆန်ချည် ကြည့်သည်မှာ ရိုင်းစိုင်းသော အမူအရာဖြစ်၍ သူ အကြည့်တွေကို ယုတ်သိမ်းလိုက်သည်။
ထို့နောက် သူ့အကြည့်တွေကို မနှစ်သက်လောက်ဘူးလား ဟုသိချင်၍ မျက်နှာလေးကို ငေးမောကြည့်တော့ သွားတက်ချွန်ချွန်လေးပေါ်အောင် ရယ်ပြနေသော သဘောကောင်းသောသူလေး။
"ညီမလေးပဲ ယူလိုက်လေ မမက ရပါတယ်"
အလျော့ပေးသော အသံလေးဖြင့် အကြီးဖြစ်သော တစ်ယောက်သောသူက ငဲ့ညာပေးသည်။ တီရှပ်အပွကြီးနဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ပြီး ဂုတ်ဝဲလောက်ရှိသော ဆံပင်တွေကို အပြောင်သိမ်းဆည်းထားသော သူ့ပုံသည် ယောကျ်ားမဆန်လျှင်တောင် မိန်းမပီသမှုလဲမရှိပါ။ သို့သော် မိန်းကလေးဆိုတာတော့ သေချာပေါက် ခွဲခြားနိုင်ပေမည်။ ဒါမဲ့ သူက မိန်းကလေးတွေကိုသာ စိတ်ဝင်စားသော မိန်းကလေးတစ်ယောက်။
" ရတယ် မ ပဲ ယူလိုက်ပါ။ ကျွန်တော် တခြားဟာ ပြောင်းယူလိုက်ပါ့မယ်"
YOU ARE READING
Durian Pizza
Truyện Ngắngl oneshot လေးတပုဒ်ပဲ ဖြစ်ပါတယ်။ကိုယ်ရဲ့ ဒုတိယမြောက် gl oneshot လေးကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ photo crd picsart