Episode 1

1.7K 99 16
                                    

Unicode

အချိန်ကား ည၁၀နာရီ Stray Kids 8ယောက်လုံး ယနေ့အတွက် နောက်ဆုံး schedule ပြီးလို့ သူတို့ dorm ကို ပြန်လာကြလေပြီ

"အားလုံး ခဏနားပြီးရင် ညစာ စားဖို့ လာကြနော် hyung ပီဇာမှာထားတယ် "

Schedule ကတောက်လျှောက်မို့ နေ့လည်၃နာရီကတည်းက ဘာမှမစားရသေးတဲ့ သူ့ညီ၇ယောက်အား စိတ်ပူပြီး Leader Bang Chan က ပီဇာမှာပေးထားခြင်းဖြစ်၏ ။

"ဟုတ်ကဲ့ hyung "

မန်ဘာအသီးသီးက ပြန်ဖြေပြီးသူတို့သက်ဆိုင်ရာ အခန်းအသီးသီးသို့ ၀င်သွားကြလေသည် ။

Jisung နှင့် I.N တို့ အခန်းထဲ၌

JiSung သည် အခန်းထဲရောက်ရောက်ခြင်း
သူ၏ကုတင်ပေါ်၌ ခြေကုန်လက်ပမ်းကျကာ ချက်ချင်းပင် ပစ်လှဲလိုက်တော့၏ ။

"Hyung အ၀တ်မလဲဘူးလား"

Schedule ကအ၀တ်အစားတွေနဲ့မို့
အ၀တ်မလဲပဲ ချက်ချင်းတန်းလှဲသွားတဲ့
သူ့ hyungကို I.N က မေးလိုက်ခြင်းပင် ။

"အင်း ဟုတ်သား အ၀တ်လဲရဦးမှာပဲ "

လှဲနေရာက စိတ်မပါသလို ပြန်ဖြေလာပြီး
လှုပ်ပင် မလှုပ်တဲ့ Hannie hyung ကိုကြည့်ပြီး
တစ်ခုခုမှားနေပြီဆို I.N ချက်ချင်းသိလိုက်၏ ။

သူ့လက်ထဲကိုင်ထားတဲ့ Pajama TShirt အဖြူရောင်လေးကို ခပ်မြန်မြန်ပင် ၀တ်လိုက်ပြီး
Hannie Hyung ကုတင်ခြေရင်းနားသွားထိုင်လိုက်လေသည် ။

"Hyung တစ်ခုခုဖြစ်နေတာလား "

I.N အမေးကို နဖူးပေါ်လက်တင်ထားကာ မျက်လုံးမှိတ်ထားတဲ့ Jisung က စိတ်မပါလက်မပါနဲ့ပဲ ပြန်ဖြေလေ၏ ။
"ဘာမှမဖြစ်ပါဘူး "   တဲ့

သူ့အကို လိမ်နေတာကို သိတဲ့ I.N လေးက
လက်မလျှော့ပေ ။ ခြေရင်းမှာ ထိုင်နေရာက ထပြီး
Hannie hyung ရဲ့ ရင်ဘတ်ဘေးနားကို ပြောင်းထိုင်ပြီး
နောက်ထပ် စကားဆိုလေတော့သည် ။

"Hyung ပြောမှ ကျနော်က ဘယ်လိုကူညီရမလဲသိမှာပေါ့ Hyungက အဲ့လိုကြီး တိတ်ဆိတ်နေတော့
ကျနော် မနေတတ်ဘူး ပြောပါ ဘာဖြစ်နေတာလဲ
ကျနော်ကူညီပေးမယ်လေ "

I.N လေးသည်အဖြေပြန်မလာတဲ့ သူ့ အကို Hannie နားမှာပဲ ဆက်ထိုင်ပြီး စိတ်ရှည်ရှည်နဲ့ အဖြေပြန်လာဖို့စောင့်နေလေသည်။

Behind The Scene {MinSung Myanmar FanFic}Where stories live. Discover now