Unicode
လျိုယန်ရင်းလည်း သူမရဲ့ စိတ်ကို အမြန်ရှင်းလိုက်ပြီးနောက် ချန်ရှို့ကို ပြုံးပြီး ပြောလိုက်သည်
'' မောင်လေး မောင်လေးအတွက် မမရေသွားဝယ်ပေးမယ်နော် ဒီမှာခဏစောင့်နေနော် ''
'' အင်း မမ ''
လျိုယန်ရင်းထွက်သွားတော့ ချန်ရှို့လည်း အနီးနားက ထိုင်ခုံမှာ ခနစောင့်လိုက်သည်
[ ဇာတ်လိုက်မ ကံကြမ္မာ လုယူမှု - 8% ]
' ဟင် ဘာလို့ 8 ထိဘဲတက်လာတာလဲ? '
[ ဒါက အခုတက်လာတဲ့ ရာခိုင်နှုန်းဘဲ တဖြည်းဖြည်းနဲ့ အာရုံစိုက်ခံရသလို ရာခိုင်နှုန်းလည်း တိုးလာမှာပါ စိတ်ရှည်ပါ host ]
' အော် အင်း '
တစ်ဖက်မှာတော့ လျိုယန်ရင်းတစ်ယောက် ရေဝယ်ဖို့ ထွက်လာရင်း အတွေးများနေတော့သည်
သူမစာမေးပွဲ မဖြေခင် အချိန်များကို ပြန်တွေးလိုက်သည်
သူမစာကြည့်ဖို့ ပြင်လိုက်တိုင်း ချန်ရှို့က အမြဲစာလာလာမေးလေ့ရှိတယ် အခုမှ သေချာစဥ်းစားရင် သူမစာကြည့်လို့မရအောင် တမင်နှောက်ယှက်နေသလို ဖြစ်နေသည်အခုစာမေးပွဲရလဒ်ထွက်တော့လည်း ချန်ရှို့က ပထမဖြစ်ပြီး သူမကတော့ သူ့နောက်တွင်သာ
သူမတွေးလေ ချန်ရှို့ကို ပိုပြီး သံသယဖြစ်လာလေသည်အမှန်တော့ သူမဟာ စိတ်ထားဖြူစင်တဲ့သူတော့ မဟုတ်
သူမ ဆင်းဆင်းရဲရဲနဲ့ မနေချင်တာကြောင့် သူမချမ်းသာတဲ့ လူတွေကို ကပ်ဖားပြီး သူတို့နဲ့ရည်းစားလုပ်ကာ ချူစားလေ့ရှိသည်
သူ့မလမ်းကို လာတားဆီးပြီး နှောက်ယှက်တဲ့သူတွေကိုလည်း တစ်နည်းမဟုတ်တစ်နည်း ရှင်းလေ့ရှိသည်ထိုအတွက်ကြောင့်လည်း သူမမှာ သူငယ်ချင်းတွေဘာတွေ
မရှိပေ
သူမမိတ်ဆွေဖွဲ့ရင်လည်း သူတို့ကို အသုံးချချင်လို့သာ ဖြစ်သည်သူမကထိုလို လူမျိုးဖြစ်ပေမယ့် သူမရဲ့ မိဘတွေအပေါ်ကိုတော့ စိတ်ရင်းနဲ့ ချစ်မိသည်
သူမဘဝတွင် မိဘကလွဲပြီး တကယ့်စိတ်ရင်းအမှန်နဲ့ ဘယ်သူ့ကိုမှ မချစ်ဖူးပေ
ŞİMDİ OKUDUĞUN
Changing Female lead ( System)