(Unicode)
ရုတ်တရပ်ကြီး!အရာ အားလုံးက ရုတ်တရပ်ကြီးပါပဲ!
ကျွန်တော်နဲ့Baekhyun ဧည့်ခန်းထဲ မျက်နှာချင်းဆိုင်ထိုင်နေရာကနေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စိတ်ဓာတ်ကျစွာနဲ့ အကြည့်တွေပြန်လွှဲလိုက်ကြတယ်။
ကိစ္စသေးသေးလေးကနေ ဘာတွေဘယ်လိုဖြစ်ကုန်တာလဲဆိုတာ ကျွန်တော်ဖြင့် မစဉ်းစားတတ်တော့လောက်အောင်ပဲ။ဒီအတိုင်း ဘာမဟုတ်တဲ့ကိစ္စလေးတွေပဲကို။ထွက်သွားကြဖို့အထိ လိုလို့လား။
တိတ်ဆိတ်နေတဲ့အခြေအနေကို ကျွန်တော်တကယ်မနှစ်မြို့တာမို့ ဘေးနားကကူရှင်နဲ့ လှမ်းပေါက်လိုက်တဲ့အခါ Baekhyunရဲ့မျက်နှာတည့်တည့်ကို သွားမှန်တယ်။ပုံမှန်အချိန်သာဆို သူ ဖမ်းမိလောက်မှာပေမယ့် အခု စိတ်နဲ့ကိုယ်နဲ့မကပ်တာမို့...
"ဘာလဲ"
လေးလံထိုင်းမှိုင်းနေတဲ့Baekhyunရဲ့မေးသံကြောင့် ကျွန်တော့်စိတ်အခြေအနေက ပိုဆိုးရွားသွားသလိုပဲ။
"မင်း အဲ့တိုင်း ထိုင်နေတော့မှာလား"
Baekhyunက ကျွန်တော့်ကို မျက်လုံးလှန်ကာမော့ကြည့်ပြီး စောနကကူရှင်နဲ့ တဖန်ပြန်ပစ်ပေါက်တယ်။ပြီးတော့ အရမ်း စိတ်မပါလက်မပါအသံကြီးနဲ့.
"မထိုင်နေလို့ ထနေရမှာလား"
သူ့စိတ်အခြေအနေလည်း ကျွန်တော့်လိုဂဂျိုးဂဂျောင်ဖြစ်နေမှာပဲဆိုတာ တွေးဆမိတော့ ကျွန်တော်ထွေထွေထူးထူးထပ်မပြောနေတော့ပဲ ငြိမ်သက်နေလိုက်တော့တယ်။
လူကသာငြိမ်သက်နေပေမယ့် အတွေးတွေက ငြိမ်သက်မနေပါ။တွေးလေတွေးလေ ခံပြင်းလာလေပဲ..မဟုတ်သေးပါဘူး။ဒီလောက်ထိ လိုလို့လား။လုံးဝ မဖြစ်သင့်တာကြီးကွာ...
"ဒီဟာက မလွန်လွန်းဘူးလား"
ရုတ်တရပ် ကျွန်တော်ထပြောတဲ့စကားကြောင့် Baekhyunက ကြောင်တောင်တောင်မော့ကြည့်လာပြီး မေးငေါ့ပြတယ်။
"ဘာကလဲ"
"ဘာကမှာလဲ!Oh Sehunနဲ့Park Chanyeolကိုပြောတာလေ"
အရမ်းတွေ ပြောချင်ဆိုချင်လာတာမို့ ဒူးတစ်ချောင်းထောင်ပြီး ထိုင်ထားရာကနေ ခန္တာကိုယ်ကို ပုံမှန်အနေအထားပြန်ပြောင်းထိုင်လိုက်တော့ Baekhyunက ဘာလဲဟဆိုတဲ့မျက်နှာပေးနဲ့ ကြည့်လာတယ်။
YOU ARE READING
Friend Zone's Benefits(Z+U)