🔥#၁၅

2.9K 202 4
                                    

တချိန်ချိန် လက်လွှတ်ရမှာသိပေမဲ့ အခုလို လီလီ မခေါ်မပြောဖြစ်နေတာတောင် ကျမ မနေနိုင်တာ ။ တကယ်ပါ။ သူမနဲ့အတူရှိနေတဲ့အခါ အပျော်ဆုံးဖဲ။ ကြောင်မချစ်တဲ့ကျမက သူ့ကြောင်leoလေးကိုတေ့ာ ကောင်းကောင်းပြုစုနိုင်တယ် ။တိုက်ခန်းမှာ အတူတူနေတုန်းက  သူအလုပ်က ပြန်လာရင်၀ယ်လာတဲ့မုန့်တွေ အတူတူစားခဲ့ကျတာ။ လမ်းလျောက်ထွက်ရင်း သူရိုက်ပေးတဲ့ဓာတ်ပုံတေ‌ွအတွက်မော်ဒယ်လုပ်ပေးရတာ။ဒီ  အရပ်ရှည်ရှည်နဲ့ ကောင်မလေးရဲ့ လက်ကိုချိတ်ပီးသွားရတာကမှ  စိတ်လုံခြုံတာမို့ သွားတဲ့နေရာတိုင်း လက်ချိတ်ခဲ့တယ်။ ကျမထင်တာသာ မမှားဖူးဆို လီလီက အမြဲတမ်း ကျမ လက်ချိတ်ရင် မဖြုတ်ဖူးဘူး။ တစ်ကောင်ထဲတယောက်ထဲနေလာတဲ့ကျမဖို့ သူမကသာ နားခိုရာအားကိုးရာဖြစ်တယ်။ ဂျီဂျီက ပြောတယ်။ တွဲလိုက်ပါ့လားတဲ့။ တခါတလေ ကျမ အဖြစ်ကိုတောင်မေ့ပီး သူဖွင့်ပြောရင် တွဲလိုက်ဖို့ထိတွေးမိတယ် ။ မတွဲလိုက်ရတာဆိုပေမဲ့
ကျမတို့ဆက်ဆံရေးက အတွဲတွေလိုပါဖဲ ။ အလုပ်ပင်ပန်းလို့စိတ်ညစ် တဲ့အခါ သူမအပြုံးမြင်ရုံနဲ့ ပျောက်သွားတာလဲထူးဆန်းတဲ့အချက်ဖဲမလား။ ဘာမှမချက်တတ်လို့၀ယ်ဖဲစားတာဆိုတဲ့စကားကြားပီးနောက်ပိုင်း ထမင်းဟင်းနှစ်ယောက်စာ ချက်ပီး အိမ်ရှင်မ လုပ်ရတာ ပျော်လာတယ်။ ကျမတို့ကုမ္ပဏီအတွက် အင်္ကျီဒီဇိုင်း ပရိုမိုးရှင်းဆင်းတုန်းကဆို  အတွဲတွေလားကျလို့။ချယ်နဲ့ဂျီဂျီပါ လိုက်ပီး friendshipပုံစံ တွေဖဲတင်ပေမဲ့ပေါ့။ လီလီအောင်မြင်ပီးတဲ့နောက်ပိုင်း ကျမတို့ပါ နာမည်ကြီးလာတာ။ဒါကြောင့်လဲ တထောင့်တနေရာက ပါရမီ၀င်ဖြည့်ကျတာ။အလုပ်ခွင်ထဲ ရောက်တဲ့အခါ
"Sugar mommyနဲ့ဆိုတေ့ာ

"လီဆာက အပိုင်ကပ်ထားတယ်ထင်တယ်

"အ့ာတာကြောင့် အရည်အချင်းက နောက်မှလို့ ‌ငါမပြောဖူးလား

စော်ကားပုတ်ခတ်တဲ့စကားတွေအမျိုးမျိုး ကြားပီးနောက်ပိုင်း ကျမ ဆင်ခြင်ခဲ့ရတယ်။ အရင်လို လမ်းသွားတဲ့အခါ စိတ်လုံခြုံမှုမရှိလဲ တယောက်ထဲ လျောက်ခဲ့ရတဲ့လမ်းတွေ ။ တနေ့ကျ ရှင်တို့သိရမယ် လီဆာဟာ သိပ်အရည်အချင်းရှိတဲ့ကောင်မလေးဆိုတာ။

SugarbooWhere stories live. Discover now