Chapter 38 - ဒီနှစ်သစ်ကကြမ်းတမ်းတဲ့နှစ်ပဲ

3.7K 479 44
                                    

ဝူရှင်းကျီမှာသနားစရာကောင်းလောက်အောင် ၀မ်းနည်းခြင်းများစွာဖြင့်ငိုကြွေးနေတာကြောင့် ကွမ်းရှန်ကျင်းမှာ ဘယ်လိုချော့ရမည်ဆိုတာကိုမသိနိုင်တော့ပါပေ ။ သူက သူ့ဘ၀မှာ အရင်တုန်းက တခါဖူးမျှတောင် တဦးတယောက်ကိုမှ မချော့ခဲ့ဖူးသည်ဖြစ်၏ ။ ဆရာလုက ခံစားချက်များကိုထုတ်မပြတက်သည့်သူဖြစ်သည့်အတွက် သူကဘယ်သောအခါကမှ ကွမ်းရှန်ကျင်းရှေ့မှာ သူ့ခံစားချက်တွေကို ထုတ်ပြခဲ့ခြင်းမရှိချေ ။ ကွမ်းရှန်ကျင်းက လူတွေကို ဂရုတစိုက်ဖြင့် အလိုလိုက်ကာ ဆက်ဆံသည့်နေရာမှာတော်သည် ။ ပြီးခဲ့သည့်အချိန်တုန်းက ရှိခဲ့သည့်သူ့အပျော်ရည်းစားတွေက သူထွက်ခွာသွားသည့်အချိန်မှာ အများဆုံးကငိုကြွေးပြီးကျန်ခဲ့သည်သာဖြစ်သည် ။ သို့ပါသော်လည်း ထိုအချိန်တွေတုန်းက သူက သူတို့ဘယ်လောက်ပဲဝမ်းနည်းနေပါစေ အဲ့ဒီမျက်ရည်တွေက သူ့ရဲ့နှလုံးသားကိုခံစားချက်နည်းနည်းလေးတောင် ဖြစ်ပေါ်အောင်မတက်နိုင်ပါ။

သို့ပါသော်လည်း ၀ူရှင်းကျီကတော့ခြားနားသည် ။ ကွမ်းရှန်ကျင်းရဲ့ရင်ဘတ်မှာ စိုစွတ်ထင်ကျန်နေသည့် ဒီမျက်ရည်တွေက သူ့ရင်တွေကို မီးလိုပဲပူလောင်စေသည် ။ ထိုအပူချိန်ကပြင်းလွန်းလို့ သူ့နှလုံးသားကနာကျင်လာပြီး သူ့ကိုအပြစ်ရှိသည်ဆိုသည့် ခံစားချက်ကိုချန်ထားရစ်ခဲ့သည် ။ သူက အဲ့ဒီအစုတ်အပြတ်စာရွက်စုတ်တွေက ၀ူရှင်းကျီရဲ့နှလုံးသားတခုလုံးကို သူ့ထက်ပိုပြီး နေရာမြင့်မြင့်ရထားတာကို အရမ်းကိုစိတ်ဆိုးမိသည် ။ သို့ပေမဲ့လည်း အခုတော့ သူပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့ခြင်းအပေါ်မှာ နောင်တရနေမိလေပြီ ။

သူက စဉ်းစားမိသည်မှာ ဒီအဘိုးအိုပေါက်စက နူးညံ့သည့်စိတ်ထားရှိပြီး ထိုသူ့မှာ ဆန္ဒနှင့်တောင်းဆိုမှုများ မရှိနိုင်ဟုပင်။ သူထင်သည်က ထိုငှက်ကြီးပုံတွေဖျက်ဆီးခံလိုက်ရခြင်းကနေ ၀ူရှင်းကျီ အများဆုံးခံစားရမည်မှာ စိတ်ဓာတ်ကျတာလောက်သာဖြစ်နိုင်မည်လို့ ။ သို့ပေမယ့်လည်း သူဒီလောက်ထိဝမ်းနည်းသွားလိမ့်မယ် ဘယ်သူထင်မိမှာတဲ့လဲ ။ သူကမှားယွင်းပြီး မှန်းဆမိခဲ့လေသည် ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang