Chapter (7)
ဟဲ့ကျီ အလုပ်များ ပြီးစီးပြီးနောက် ဆယ့်တစ်နာရီခန့်ရှိပြီဖြစ်ကာ အပေါ်ထပ်သို့ တက်သွားလိုက်သည်။ သူတံခါးဝသို့ရောက်သည်နှင့် ကျိမောင်သည် ညဝတ်အင်္ကျီကို ဖရိုဖရဲဝတ်ဆင်ထားကာ တက်ဘလက်တစ်ခုကိုကိုင်၍ ခုတင်ပေါ်တွင် လှဲနေသည်ကို တွေ့လိုက်ရသည်။ ညဝတ်အင်္ကျီသည် သူ့ခါးနှင့် ပေါင်များကိုသာ ဖုံးလွှမ်းထား၏။ ဟဲ့ကျီဝင်လာသောအခါ ကျိမောင်ခေါင်းမော့ကာ မေးလိုက်သည်။ " ကျွန်တော် ဒီညဘယ်မှာ အိပ်ရမှာလဲ"
ဟဲ့ကျီ သူ့ကိုခဏလောက်ကြည့်လိုက်ပြီး " မင်းအပေါ်မှာ မူတည်တယ်လေ "
"ဘယ်အခန်းက ပိုကြီးတာလဲ ကျွန်တော်မသိဘူး " ကျိမောင် တက်ဘလက်ကို ဘေးသို့ချထားလိုက်သည်။
ဟဲ့ကျီ မသက်မသာ ချောင်းဆိုးလိုက်မိသည်။
ကျိမောင် အိပ်ယာပေါ်မှ ဆင်းလာသောအခါ သူ့ခန္ဓာကိုယ်သန့်စင်တုန်းက အသုံးပြုခဲ့ပုံရသော ဟဲ့ကျီ၏ ရေချိုးဆပ်ပြာနံ့ သင်းသင်းလေးကို ရလိုက်သည်။ သူ့ခန္ဓာကိုယ်မှထွက်လာသော ထိုအနံ့လေးသည် ဟဲ့ကျီနှင့်တူသော်လည်း သူ့အနံ့လေးမှာ တစ်မျိုးတစ်ဖုံဖြစ်နေသည်။ သူ ဟဲ့ကျီအနားသို့ ရောက်လာစဥ် ဟဲ့ကျီတစ်ယောက် ဂနာမငြိမ် ဖြစ်နေမိသည်။ တည်ငြိမ်ကာ လှပထည်ဝါသော ကျိမောင်၏ ချဉ်းကပ်လာမှုကြောင့် လေထုသည်ပင် အလွန်ပါးလွှာလာသည်ဟု သူခံစားခဲ့ရသည်။
" ခင်ဗျားကျွန်တော့်ကို ခေါ်သွားပေးမှာလား " ကျိမောင် သူ့ကို မေးလိုက်သည်။
ဟဲ့ကျီ နောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်လာလိုက်ကာ ကျိမောင်ကလည်း အားသွင်းကြိုးကိုဆွဲပြီး သူ့နောက်မှ ပေါ့ပေါ့ပါးပါး လိုက်လာလေသည်။
ကျိမောင်သည် ဟဲ့ကျီထက် ခေါင်းတစ်ဝက်ခန့် ပိုနိမ့်လေသည်။ အရွယ်အစား ပိုကြီးနေသော ပိုးသားညအိပ်အင်္ကျီများက သူ့ကိုယ်လေးပေါ်တွင် ပျော့ကပ်နေကာ အင်္ကျီလက်များက တွဲလောင်းကျနေပြီး လက်ချောင်းထိပ်ဖျားလေးများကိုသာ ဖော်ပြနေလေသည်။
ဟဲ့ကျီသူ့ကို စင်္ကြံလမ်းတစ်လျှောက် ခေါ်သွားခဲ့ပြီး အကြီးဆုံးဧည့်သည်အခန်း၏ တံခါးဆီသို့ ခေါ်လာကာ " ဒီအခန်းပဲ "
ESTÁS LEYENDO
Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)
Ciencia Ficción" Lowly Creature " Author- Not! Pikachu / Ka Bi Qiu 卡比丘 English Translator-Snow Project Translations Burmese Translator-littlewillow01 Start Date-22 August 2021 End Date- 7 September 2021 This is Myanmar Translation of Chinese novel " Lowly Creature...