Chapter (8)

533 125 1
                                    

Chapter (8)

ပုံမှန်အတိုင်း အလုပ်လုပ်ရမည့် လူသားတစ်ယောက် မဟုတ်တာကြောင့် ကျိမောင်အလုပ်ရှာဖို့ မဖြစ်နိုင်ဘူးဟု ဟဲ့ကျီထင်ခဲ့လေသည်။

သို့သော် နောက်တစ်နေ့ နံနက်ဆယ်နာရီတွင် ကျိမောင်ထံမှ သတင်းကောင်းတစ်ခုကို သူ မမျှော်လင့်ဘဲရရှိခဲ့၏။

ကျိမောင်က သူ့ဆီဖုန်းဆက်လာပြီး သူအလုပ်တစ်ခုရှာတွေ့ပြီဟု ပျော်ရွှင်စွာပြောလာခဲ့သည်။ တည်နေရာသည် ဟန့်ဝမ်အနီးတွင်ဖြစ်ကာ နေ့လည်ပိုင်းတွင် စတင်အလုပ်လုပ်ရပြီး သူ့အလုပ်ချိန်များကို ဟဲ့ကျီအား ပြောပြထားခဲ့သည်။

" ဟန့်ဝမ်အနီးအနားမှာ ဆံပင်ညှပ်စတူဒီယိုရှိလို့လား " ကျိမောင်သူ့ဆီသို့ ပထမဆုံးအကြိမ် အသိပေးလာစဥ်က ကျိုးကြောင်းဆီလျော်မှုမရှိသလိုတောင် ဟဲ့ကျီခံစားခဲ့ရ၏။

ကျိမောင်က နှာသံလေးနှင့် " အင်း " ဟုပြောလာသောအခါ ဟဲ့ကျီ၏နှလုံးသားကို ညင်ညင်သာသာကုတ်ခံလိုက်ရသလိုပင်။ " အသစ်ဖွင့်ထားတာမှ မကြာသေးဘူးလေ "

ကျိမောင်၏အလုပ်သည် နေ့ဆိုင်းနှင့် ညနေဆိုင်းခွဲထား၍ တစ်လတွင် နှစ်ရက်နားရက်ရှိကာ နားလိုပါက တစ်ပတ်ကြို​၍ တင်ပြထားရမည်ဖြစ်သည်။

အလုပ်၏ ကြာချိန်ကိုကြားသောအခါ ဟဲ့ကျီမျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ " ဝန်ထမ်းတွေကို အနိုင်ကျင့်တာပဲ. . .  မင်းရှေ့နေလိုမယ်ထင်တယ်"

" ကျွန်တော်က ဝန်ထမ်းအသစ်လေ. . . ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပဲဟာကို "

သို့သော် ဟဲ့ကျီက ဒီ့ထက်တောင် ပိုတွေးနေမိသေးသည်။ သူနှင့်အတူ အလုပ်အကြောင်း ပြောပြပြီးနောက် ကျိမောင်သည် သူ၏အလုပ်အသစ်နှင့် ရင်းနှီးစေရန် အလုပ်နေရာသို့ သွားခဲ့၏။

ကျိမောင်အလုပ်လုပ်မည့် ဆံပင်ညှပ်စတူဒီယိုသည် သေးငယ်သည်။

ဆိုင်မန်နေဂျာနှင့် ငွေရှင်းကောင်တာရှိလူများသည် မျိုးရိုးဗီဇနိမ့်ကျသော လူလတ်တန်းစားများဖြစ်ကြကာ  ဆံပင်ညှပ်ဆရာသုံးဦးနှင့် အကူသုံးဦးစလုံးသည် မျိုးရိုးနိမ့် အောက်ခြေလူတန်းစားများ ဖြစ်ကြသည်။ စတိုင်ကျသောအခန်းတွင် အကူတစ်ဦး လိုအပ်နေသေးခြင်းဖြစ်သည်။

Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)Where stories live. Discover now