Ep.5(Z)

4.4K 85 2
                                    

ထိုအခါမှ ပြုံးရယ်လာတဲ့အထာ။ သူသာအမြန်ပြန်မချော့ရင် နောက်နေ့တွေမှာ ဖန်တီးကောင်းကောင်းနေရမည်မထင်နဲ့။

" ငါ့ချစ်သူလဲ ရွံတာကရွံတာလေ။ မင်းဆိုပြီးငါကမရွံရတော့ဘူးလား။"

" ခွေးကောင် မင်းကလေငါ့ကိုရွံတယ်ပေါ့။ အေး မင်းတွေ့ပြီ။"

အမူးလက်ကျန်ရှိနေသေးတဲ့ အထာက သူ့ကိုအတင်းလိုက်နမ်းသည်။ အထာဆိုတဲ့ သူ့ချစ်ရသူလေးက မလုပ်နဲ့ဆိုပိုလုပ်တက်တဲ့ အကျင့်ရှိနေတာကို ဖန်တီးသိထားချင်းကြောင့် တမင်အထာကိုစနေခြင်းဖြစ်သည်။

" ဟား ဟား တော်ပါတော့အထာရာ။ ငါ့မျက်နှာမှာလဲ မင်းရဲ့အန်ဖတ်နံ့တွေ ဟောင်ထနေပြီ။"

ည၏တိတ်ဆိတ်ချင်းကို ဖန်တီးရဲ့ရယ်သံဟာ ကားထဲမှာကျယ်လောင်လို့နေကာ ပတ်ဝန်းကျင်ကိုမှာလဲ ဆူညံလို့နေသည်။

ဖန်ကသူ့နဲ့ဆိုလျှင် လွတ်လပ်စွာရယ်မောပျော်ရွှင်နေတက်သည်။ အခြားသူတွေရှေ့မှာဆိုရင်တော့ အပြုံးအရယ်ရှားတာကို အထာသိသည်။

" ဖန်မင်းငါ့ကို ချစ်လား။"

" ကိုယ့်ရဲ့ကောင်လေးကို မချစ်ပဲနေမလား။"

" အ့ကြောင့်မင်းကိုငါက ပိုချစ်နေတာ။"

" အေးပါကွာ မင်းပဲချစ်တက်တယ်။"

ငယ်ငယ်ထဲက ကြိတ်ချစ်ရတဲ့သူလေးက အခုတော့ကိုယ့်နံ့ဘေးမှာ ကိုယ့်ကောင်လေးဖြစ်နေတာမို့ ဖနိတီးအတွက်တော့ပျော်စရာ ကမ္ဘာလေးတစ်ခုပင်။

*****

မနက်ခင်းရဲ့အလင်းရောင် နေခြည်ဖြာက ကိုးရီးယာမှန်တွေကျော်လွန်ကာ အထာ့ရဲ့မျက်နာပေါ်ကို ကျရောက်လာတာမို့ အထာ့မျက်လုံးများ မပွင့်ချင်ဖွင့်ချင်နဲ့ရှိနေသည်။ ညကသောက်တာများသွားတာကြောင့် ခေါင်းကတဆစ်ဆစ်နဲ့ ထိုးကိုက်လာတာကြောင့် လက်တစ်ဖက်နဲ့ကိုက်နေတဲ့ ခေါင်းကိုအသာအယာ ဖိနှိပ်ကာ သက်သာစေရန်ပြုလုပ်နေသည်။

" ထာလေးရေ အန်တီဝင်လာခဲ့မယ်နော်။"

" ဟုတ်ကဲ့အန်တီ သားတံခါးလော့ချမထားဘူး။ ဝင်လာခဲ့လေ။"

Abstarct Of Love (Z&U)Where stories live. Discover now