Unicode
‘စာရေးဆရာကြီး ရောက်တော့မှာလားခင်ဗျ’
‘ရောက်တော့မယ်ဗျ .. လမ်းတွေတအားပိတ်နေလို့ဗျာ..ဒါမှန်းသိ ကျွန်တော် ရထားပဲစီးလာပါတယ်’
‘ရပါတယ်ခင်ဗျာ..ဒီနေ့ စာရေးဆရာကြီးလာမယ့်လမ်းက ပြင်နေတာမလား...ဘာမှမဖြစ်ပါဘူး..ဂရုစိုက်လာပါနော်’
‘ဟုတ်ကဲ့ခင်ဗျ..သေချာလေးပြောပေးပါနော်’
ဖုန်းချလိုက်ပြီးတာနဲ့ ကားဆရာကိုလှမ်းတို့ပြီး အနောက်ကနေ ပြောလိုက်သည်။
‘ဦးလေး ဖြတ်လမ်းလေးဘာလေးရှိလားဟင်’
‘မရှိဘူးသား..ကျော်သွားပြီ...အခုတော့ ဒီတိုင်းပဲမောင်းသွားမှရမယ်’
‘ဟုတ်လား’
စိတ်ညစ်ညစ်နဲ့ကားနောက်ခုံကိုမှီချပြီး သက်ပြင်းတစ်ချက်ထုတ်လိုက်သည်။
ဒီနေ့ စာအုပ်အသစ်မိတ်ဆက်ပွဲရှိလို့ စောစောထွက်လာကာမှပဲ ကားလမ်းကပိတ်နေသည်။ ပထမစာအုပ်အပြီး ၈ လအကြာမှာထွက်ရှိလာတဲ့ ဒီစာအုပ်က ထွက်တော့မယ်လို့ပြောကတည်းက ကြိုတင်မှာယူသူတွေများနေခဲ့သည်။ သူ့ရဲ့ official website မှာ ၂ ပိုင်းတင်ပေးခဲ့ပြီးနောက် အခုမှ စာအုပ်အနေနဲ့ထွက်ရှိလာတာဖြစ်သည်။
Jaden ဆိုတဲ့နာမည်နဲ့ နာမည်ကြီးစာရေးဆရာဖြစ်နေခဲ့တာ ဒီနှစ်နဲ့ဆို ၄ နှစ်တောင်ရှိပြီ။ တက္ကသိုလ်တက်ကတည်းက ဝါသနာအရရေးလာရင်းနဲ့ လူသိများလာလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့မိတာတော့အမှန်။
တစ်နေ့မှာ လူတွေရဲ့ရင်ထဲတစ်နေရာမှာ နေရာယူနိုင်မယ့် စာအမျိုးအစားမျိုးကိုရေးနိုင်ရမယ်လို့ တွေးထားခဲ့ဖူးပေမယ့် ဒီလောက်ထိ အံ့ဩစရာကောင်းအောင်ပြောင်းလဲသွားလိမ့်မယ်လို့မထင်ခဲ့။
၂၁ ရာစုရဲ့ ရေပန်းစားတဲ့ လူငယ်စာရေးဆရာ တဲ့။ လူတွေကသူ့ကိုအဲ့လိုခေါ်ကြသည်။ နာမည်အရင်းကိုသိတဲ့သူကရှားပေမယ့် တကယ့် Hardcore fan တွေကတော့ သိချင်သိလိမ့်မည်။ စာအုပ်ထဲမှာလည်း ဘယ်တော့မှ အတ္ထုပတ္တိကိုထည့်ရေးတတ်သူမဟုတ်တော့ သိပ်မသိကြတာ မထူးဆန်း။
YOU ARE READING
Heart Sketch (Yoshi x Doyoung)
Fiksi PenggemarAn Author and An Artist meets 💕 then, a story starts