Final (Z and U)

1.1K 141 11
                                    

Unicode

အခန်းတွင်းလေထုသည်ကား ‌ခြောက်ကပ်‌လွန်းလှပြီး လူတွေအားလုံးရဲ့
အာရုံကလည်း တစ်နေရာထဲမှာသာ ရောက်ရှိလို့နေသည်။ အားလုံးရဲ့ မျက်နှာမှာ အံ့ဩခြင်း ၊ နားမလည်နိုင်ခြင်းများစွာပြည့်နှက်နေပြီး အသက်ရှူသံများတောင် ရပ်တန့်နေကြပါသလို။

တရှုံ့ရှုံ့ နှာရှိုက်သံကလွဲရင် တိတ်ဆိတ်လျက်။ ထိုအသံက မင်ယော့ဆီက ဖြစ်ပြီလွန်ခဲ့တဲ့ နာရီဝက်လောက်က သူငိုနေခဲ့တာကြောင့်ဖြစ်သည်။ ဌာနရဲ့ ဟောခန်းကြီးထဲမှာ တဟီးဟီးငိုခဲ့တဲ့ မင်ယောက ကလေးတစ်ယောက်လိုပါပဲ။ သူ့ရဲ့ စီနီယာ ပါတနာက အရှင်လတ်လတ်ကြီး ပြန်ရောက်လာတာလေ။ သူမငိုပဲ နေနိုင်မှာလား။

အတင်းပြေးဖက်ပြီး နှာရည်တွေပါ ထွက်အောင်ငိုတော့ ကပ္ပတိန် ကျန်းက အတင်းဆွဲခွာကာ တွန်းထုတ်သေးသည်။ မင်ယော့ကတော့ နာတာလည်း ဂရုမစိုက်။  ကုတ်အင်္ကျီအဖြူခပ်ရှည်ရှည်နှင့် အညိုရောင်ဆံပင်များကို နှဖူးထက်သိမ်းတင်ထားသော ခန့်ညားလှသည့် သူ့စီနီယာကိုသာ ‌
ကလေးတစ်ယောက်လို တွယ်ကပ်ငိုယိုနေခဲ့ရှာသည်။

သနားဖို့ ကောင်းလိုက်တဲ့ စီနီယာရယ်။
ပြန်ပေါ်လာတော့ ယောက်ျားဆိုတဲ့လူက
ဖမ်းခေါ်လာရတယ်လို့။ မင်ယော့ စိတ်မကောင်းလွန်းလို့ ဘယ်လိုလုပ်ရမလဲတောင်
မသိတော့ပါဘူး။ နှလုံးသားမရှိတဲ့ ဒီကပ္ပတိန်ကို သူအရမ်းစိတ်ဆိုးမိတာပဲ သိတော့တယ်။
နှစ်နှစ်နီးပါး ခုပဲအသက်မရှင်ချင်တော့သလို
စုတ်ပြတ်နေပြီး ခုပြန်တွေ့တော့ တစ်ယောက်ထဲသော ယောက်ျားကို ခပ်တည်တည်ဖမ်းခေါ်လာတာများ။

စီနီယာ ဂျွန်မြောင်.. ခင်ဗျားအစ်ကိုက ဂိုဏ်းခေါင်းဆောင်ဆို!!! ခင်ဗျား ယောက်ျားကို ပညာပေးပစ်လိုက်စမ်းပါ!!!

...................

စစ်ဆေးရေးခန်းထဲ ထိုင်နေကြတဲ့ လူသုံးယောက်။ မျက်နှာချင်းထိုင်နေကြသူနှစ်ယောက်ကတော့ ရှုတည်တည်နှင့် မသိချင်ယောင်ဆောင်ကာ ထိုင်နေပေမဲ့ အလည်မှာထိုင်နေတဲ့ မှတ်တမ်းစာရေး ခင်ဗျာမှာတော့
ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက် အူလည်လည်လေး။

CASE NO 1001 (COMPLETED)Where stories live. Discover now