"1st meeting "

15K 714 24
                                    

My BF...is..." BAD BOY"

နွေဦး လေပြေသို့က ရာသီနဲ့
လိုက်ဖက်ညီစွာ ညင်သာစွာ
တိုက်ခတ်နေကြဆဲ ...

ကျေးငှက်သာရကာ များက
ချိုသာစွာတေးဆို သီကျူးနေကြဆဲ..

သစ်ရွက်ခြောက် တို့က လေပြေညင်းနဲ့အတူ..မြေပြင်သို့.​​​..​​တ​​ဖြုတ်​ဖြုတ်
ကြွေကျနေကြဆဲ..

ကောင်းကင်ပြာနဲ့အတူ..
အဖြူရောင် တိမ်တိုက်တို့ကလဲ
လှပစွာ လိုက်ဖက်နေကြဆဲ..

ကျွန်တော်သည် လဲ ဒီလှပတဲ့
ကမ္ဘာဂျီးမှာ လူသားတယောက်အဖြစ်
ရှင်သန် ရပ်တည် နေဆဲ...

ဒီနေ့ ကျွန်တော့်တက်ရမဲ့ ပထမဆုံး
တက္ကသိုလ်ကို ရောက်တဲ့နေ့..
ဘူဆန်ကနေ..ခုမှဆိုလ်းမြို့ ကြီးကို
ရောက်လာတာ.. နေရာတိုင်းလိုလို..
ကလှပ နေတော့ ကျွန်တော့်လို
အညာတရ လူသားလေးကလိုက်
ကြည့်လို့မဆုံး...

Bus .ကားပေါ်က ဆင်းဆင်းချင်း..
တွေ့လိုက်ရသော.. ကြီးမား ကျယ်ပြန့်လှတဲ့.. ကျောင်းကြီး ကို ကြည့်ကာသာ..
အံသြလို့နေမိတယ်.. ကျွန်တော်တက်ရမဲ့ ကျောင်းကြီးက အရမ်းလှပါလား....!

မျက်လုံး ခဏမှိတ်ကာ...
တိုက်ခတ်လာသော လေပြေညှင်းလေကို
ရူ လိုက်မိတော့...နယ် ကလေ
လိုတော့ မဟုတ်...သန့်ရှင်း
လတ်ဆက်မ​နေတာအမှန် ..

လေပြေထဲ ပါလာသော..ဆေးလိပ်နံ့..
တချို့ကြောင့်.. မျက်လုံးမှိတ်ထားရာမှ
အသာယာ ဖွင့်ကြည့်တော့...

ကျောင်းပေါက်ဝ တံခါးဘေး
ရှေ့နံရံ ကိုမှီကာ..
ဆေးလိပ်သောက်နေသော...
လူငယ်တဦး...
ပန်းရောင်တခေါင်းလုံး ဆိုးထားကာ
ကပိုကရို ဆံပင်ကေနှင့်.
တီရှပ်အဖြူပေါ် ဂျင်းကုတ်
ထပ်ဝတ်ထားကာ..ဂျင်းဘောင်းဘီအရှည်
ကိုဒူးတွင် အပေါက်အပြဲများစွာ..
နား၊ လည်ပင်း နှင့် လက်များတွင်လဲ
ပြိုးပြိုးပျက်ပျက် Accessories 
ပေါင်းများစွာဖြင့်  နံရံကို မှီကာ..
ကျွန်တော့်ဘက် ကို ဆေးလိပ်ငွေ့တွေ
တမင်မှုတ်ထုတ်နေသော
လူသား လေးတဦး..

MY BF is  "BAD BOY" Where stories live. Discover now