part - 1 ( little warnning 🚨 )

360 12 0
                                    

Unicode

" သခင်လေး ရေချိုးဖို့အားလုံးလုပ်ပြီးပါပြီ"

ရိုကျိုးစွာပြောလာတဲ့ အိမ်အကူကောင်လေးအား
ညို့မျက်ဝန်းလေးတွေကရွေ့လျားရုံသာငဲ့ကြည့်ပြီး
ထွက်သွားရန်လက်နဲ့ပြလိုက်သည်။

အိမ်အကူကောင်လေးတွေထွက်သွားတဲ့အထိ
ဖြူဖြူစွတ်စွတ်ထိုယောကျာ်းကတော့
ငြိမ်သက်စွာထိုနေရာမှာရပ်နေဆဲ...

မီးပန်းဆိုင်ကြီးဆီကမီးရောင်ကြောင့်
ကိုယ်လုံးပေါ်မှန်ကြီးထဲ ပြန်မြင်နေရတဲ့မိမိပုံရိပ်ကို
သူ ငေးရီကြည့်နေမိသည်။

ရေချိုးရန်အဆင်သင့်ဝတ်ထားတဲ့
အနီရောင် ခါးစည်းအင်္ကျိကြိုးကို
သေချာပြန်ချည်မိနေတာ ဘာကြောင့်မှန်းတောင်
ကိုယ့်ကိုကိုယ်မသိတော့....

"တီး....!!"

ခြံထဲက စူးခနဲကြားလိုက်ရတဲ့ကားသံ...
ဒီအိမ်ကြီးရဲ့အရှင် သူရဲ့သခင်ပြန်လာပြီပဲ...
အခုချိန်ထိထိုကားဟွန်းတီးသံကြားတိုင်း
သူလက်ဖျားတွေ အေးစက်သွားစမြဲ...

စောနကနဲ့ခြားနားစွာ ရွှေရင်အစုံကနိမ့်ခါမြင့်ကာနှင့်
လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့သူ...
ချပ်ခနဲ တံခါးဖွင့်သံကြောင့်
မျက်ဝန်းတွေ မှိတ်ထားလိုက်မိသည်။

ပေါ့ပါးတဲ့ သူ့ခြေသံကသေချာနားထောင်တောင်
မကြားရပါ...
သို့ပေမဲ့ စူးရှတဲ့သူ့ရေမွှေးကြောင့်
သူတဖြည်းဖြည်းအနားလျှောက်လာနေမှန်း
သိနေတယ်....

"ရေချိုးတော့မလို့လား"

ဩရှရှအသံက ခပ်တိုတိုသာ...
သို့ပေမဲ့ အကြောတွေထောင်ထနေတဲ့
လက်တဖက်ကတော့ သူ ခါးသိမ်သိမ်လေးကို
ပွတ်သပ်ကာ ရှေ့သို့တက်လာသည်။
အရိုးခေါင်းပုံပါလက်စွပ်ဝတ်ထားသည့်
ကျန်လက်တဖက်ကတော့
သူရဲ့အကျီစတွေကိုခမ်လျှော့လျှော့ချွတ်လိုက်ကာ
ဖြု ဖွေးနူးအိနေတဲ့ ပခုံးဝင်းဝင်းလေးကို
သူ့နှာခေါင်းချွန်ချွန်တွေ နှစ်ဝင်သွားတဲ့အထိ
နမ်းရှိုက်လိုက်သည်။

"ကိုယ်နဲ့အတူတူ ရေချိုးမယ်လေ
ဟွန်း...မင်းရဲ့ကိုယ်နံ့ကလေ ကိုယ်ကို့ရူးအောင်လုပ်တဲ့
အဆိပ်နံ့ပဲ"

You've reached the end of published parts.

⏰ Last updated: Aug 31, 2021 ⏰

Add this story to your Library to get notified about new parts!

ဆိုးသွမ်းသောခင်ပွန်းဆိုးလေး ( ဆိုးသွမ်းသောခင်ပွန်းဆိုးလေး )Where stories live. Discover now