Ch 31

193K 12.1K 1.1K
                                    

Unicode

သူရိန် စာကြည့်ခန်းထဲ ဒူးထောက်လက်မြှောက်နေရသည်မှာ မိနစ် ၂၀ နီးပါးပင်ရှိပြီဖြစ်သည်။ ကျောင်းပြန်ဖွင့်သည့်ပထမဆုံးရက်တွင်ပင် အိမ်ပြန်ရောက်သည်နှင့်အ၀တ်အစားပင်မလဲရသေးပဲ သူရိန်ဒဏ်ပေးခံလိုက်ရသည်။ စားပွဲတွင်ထိုင်အလုပ်လုပ်နေသည့် ဦးဝေ က သူရိန့်ကို အခန်းထဲရှိနေသည်ဟုပင် သတ်မှတ်ထားပုံမပေါ်။ အလုပ်ကိုသာ အာရုံစိုက်၍ အေးအေးဆေးဆေးလုပ်နေ၏ သို့သော်သူရိန်ကတော့မအေးဆေးနိုင်။ ညောင်းချိလာသောလက်များနှင့် ထောက်ထားရသည့် ဒူးနှစ်ဖက်က အတော်နာနေပြီဖြစ်သည်။ ညောင်းချိလာသည့်လက်များ က တောင့်ခံထား၍ရပေမယ့် အရေးကြီးသည်က သူရိန်ယခု ပုဆိုးကျွတ် ကျတော့မည်။ ၀တ်ထားသည့်ကျောင်း၀တ်စုံ မှ နက်ပြာရောင်ပုဆိုးသည်သိသိသာသာလျော့ရဲလာပြီဖြစ်၏

အလုပ်ထဲအာရုံစိုက်နေသည့် ဦးဝေကိုလည်းသူရိန် မပြောရဲ။ သို့သော် လက်မြှောက်ထားရခြင်းကြောင့် ခပ်တင်းတင်းဖြစ်နေသည့် ပုဆိုးထဲ ထည့်၀တ်ထားသည့် အင်္ကျီက ပုဆိုးစကိုဆွဲထုတ်သလိုဖြစ်နေသည်ကြောင့် ပြန်ပြင်မ၀တ်လျှင် မကြာခင် ပုဆိုးကျွတ်ကျတော့မည်ဖြစ်၏

သူရိန်ယခုဒူးထောက်နေရသည့် အဓိကတရားခံသည် ကိုမင်းမာန်ဖြစ်၏ ထိုကိစ္စအတွက် သူရိန် ကိုမင်းမာန်ကိုသာ တစ်သက်လုံးမိန်းမ မရပါစေနဲ့ ဟု ဆုတောင်းပေးလိုက်သည်။

သူရိန့်ကို တစ်ယောက်တည်းအပြင်မလွှတ်တော့သည့် ဦးဝေကြောင့် ကိုမင်းမာန်က ကျောင်းအကြိုအပို့ လည်းလုပ်ပေးနေရ၏ ထို့ကြောင့် ဒီနေ့ ကိုမင်းမာန်လာကြိုသည့်အခါ ကိုရဝေ့ဆီ ၀င်ချင်သည်ကြောင့် ရေကြောင်း သိပ္ပံရှေ့ ခနလိုက်ပို့ ခိုင်းခဲ့သည်။ *ဆရာ့ကိုအရင်ပြော*ဟု ကိုမင်းမာန် ပြောပေမယ့် *ရတယ် ခနပဲ*ဟု သူရိန်ပြန်ပြောခဲ့သည်ကိုတော့ ဘာမှမပြောပဲ ကြည်ကြည်သာသာပင်လိုက်ပို့ပေးခဲ့သည်။

သို့သော် ရေကြောင်းသိပ္ပံတွင် မတွေ့တာနှစ်ချီနေပြီဖြစ်သည့် ၁၀ တန်းမှသူငယ်ချင်းများနှင့်ပြန်တွေ့သည့်အခါ သူရိန် ပုံမှန်အိမ်ပြန်ချိန်ထက် နာရီ၀က်ကျော်နောက်ကျမှ ပြန်ရောက်ခဲ့၏ အိမ်ပြန်နောက်ကျ၍ ဦးဝေမေးသည့်အခါတွင်လည်း ကားပိတ်လို့ ကျောင်းဆင်းနောက်ကျလို့ စသည့်အကြောင်းပြချက်ပေါင်းစုံကိုကျော်လွန်ကာ ကိုမင်းမာန်က ရေကြောင်းသိပ္ပံတွင်ကြာသွားလို့ပါဟု သစ္စာရှိစွာပြန်ဖြေခဲ့သည်လေ။ သူရိန်ပါသာဆို အချိန်နောက်ကျလျှင် ကားကိုအရှိန်တင်မောင်းပြီး အိမ်ပြန်တတ်ပေမယ့် ကိုမင်းမာန်ကတော့ ပုံမှန်အရှိန် ကို 1km ပင်ပိုမမောင်းပေ။

သက်ဆိုင်သူ (Unicode+Zawgyi)Tempat cerita menjadi hidup. Temukan sekarang