Episode - 51 {U/Z}

137 14 2
                                    

After 3 Years Later》》

"မိုးစက်​ရေ..ထ​တော့ ​ကျောင်းသွားရမယ်​လေ မင်းမနက်ပိုင်း Tuto ​ဖြေရမယ်ဆို..."

ခွန်းသရဲ့ နှိုးသံ အဆုံး.. မိုးစက် မျက်လုံးပြူးကာ.. နာရီ​ကောက်ကြည့်​တော့ ၈နာရီ​ကျော်​နေပြီဖြစ်သည်...

"ဟာ...​​နောက်ကျပြီ..." ဆိုကာ ကုတင်​ပေါ်က​နေ ​ခုန်ဆင်းကာ..​ရေချိုးခန်းထဲဝင်သွား​သော မိုးစက်အား ခွန်းသတစ်​ယောက် ​ခေါင်း​လေးရမ်းကာ.. မိုးစက် ကန်ထုတ်သွား​သော ​စောင်အား​ခေါက်​ပေးလိုက်သည်...

"ခွန်းသ...ဟို​ကောင်မနိုး​သေးဘူးလား..."

"​​ရေချိုးခန်းထဲဝင်သွားပြီ ခုပဲ"

"လာ​လေ မနက်စာစားကြမယ်..."

"အင်း ငါသွားပြင်လိုက်မယ် မင်း မိုးစက်ကို ​ခေါ်ပြီးလာခဲ့"

"ခွန်းသကလည်း ငါက မင်းနဲ့လိုက်ကူမှာ​ပေါ့ ဘာလို့ အဲ့​ကောင်ကို​စောင့်​ခေါ်ရမှာလဲ><"

"ခ... မိုးစက်ကို ဂရုစိုက်​ပေးဖို့ ဝသန်မှာသွားတယ်မလား.."

"ခွန်းသကလည်း သူကက​လေးမှမဟုတ်​တော့တာ...လာပါ..သူ့ဘာသာဆင်းလာလိမ့်မယ် "
ဆိုကာ.. ခွန်းသအား​ကောက်​ပွေ့လိုက်​လေသည်..

"ခ.. ဘာလို့​ပွေ့တာလဲ ငါဘာသာ​လျှောက်မယ် ပြန်ချ"

"မချချင်ပါဘူး...ဒီတိုင်း ငြိမ်ငြိမ်လိုက်ခဲ့​နော်...မလိုက်ရင် မနက်စာ မစား​တော့ပဲ ငါမင်းကို စားလိုက်မှာ..."
ဆိုတဲ့ ​သော်ခရဲ့စကား​ကြောင့် ခွန်းသ သူ့ပါးစပ်​လေးသူ လက်​လေးနဲ့ပိတ်ကာ ငြိမ်သွား​​လေသည်...
​သော်ခက​တော့ ​အောင်နိုင်သူ အပြုံးကြီးနဲ့​ပေါ့..

ထိုအဖြစ်အပျက်ကို ​ရေချိုးခန်း​ရှေ့မှရပ်ကြည့်​နေ​သော မိုးစက်...

"ဟို နှစ်​​ကောင်.. ခုချက်ချင်း ငါ့အခန်းထဲက ထွက်သွားစမ်း...​​​စော​စောစီးစီး ​သောက်မြင်ကပ်​အောင်လာလုပ်​နေတယ်..​သောက်အတွဲ.."

"မနာလိုမရှိပါနဲ့ ​ဖေ့သား FA ​ကောင်​လေးရယ်.."
ရယ်ဆိုကာ ​ပြောင်ပြပြီး အခန်းထဲက ထွက်သွား​လေသည်..ခွန်းသက​တော့ ရှက်လို့ မျက်နှာ​တောင်မ​ဖော်ရဲ​တော့​ပေ...

"ဟူးးးး ငါကိုက လျှာရှည်ပြီး ဒီနှစ်​ကောင်နဲ့တူတူလာ​နေမိတာ ><"

ဟုတ်ပါတယ် သူအခု YU မှာ မြန်မာစာ ဒုတိယနှစ်တက်​နေပါတယ်... အစက စီးပွား​ရေးတက်မလို့​ပေမယ့် အမှတ်က ထင်ထားတာထက် နည်းသွားတာ​ကြောင့်ပါ....
တက္ကသိုလ် တက်ရင်းပဲ အပြင်သင်တန်း​တွေတက်ပြီး ဘာသာစကား​တွေလည်း သင်ဖြစ်ပါတယ်..ပြီး​တော့ ​နောက်၂နှစ်​လောက်ဆို ​ဖေ့​ဖေ့ ကုမ္ပဏီမှာ ဝင်​လေ့လာဖို့စဥ်းစားထားပါတယ်..
​သော်ခနဲ့ ခွန်းသက​တော့ ​နှစ်​ယောက်လုံး ​ဆေး​၂ တက်​နေကြတာပါ...
ရန်ကုန်မှာပဲ သုံး​ယောက်​ပေါင်းအိမ်တစ်လုံးဝယ်ပြီး ​နေကြပါတယ် .. ​​သော်ခတို့က ရန်ကုန်မှာ​နေတာဆို​ပေမယ့် သူတစ်​ယောက်ထဲ အ​ဆောင်​နေရမှာ စိတ်မချဘူးဆိုကာ အခုလို တူတူ ​ပေါင်း​နေဖို့ ဖြစ်လာပါ​တော့တယ်..
အမှန်တိုင်း​ပြောရရင် ​သော်ခတို့က သူ့အ​ပေါ်အရမ်း​ကောင်းပါတယ်...အဲ့ဒါ​ကြောင့် တစ်ခုခုဆို..သူတို့ကို ​ကျေးဇူးတင်ပါတယ်​ပြောတိုင်း .
"ရပါတယ်.. ဝသန်က ငါတို့ကို ယုံကြည်လို့ မင်းကို ​သေချာ အပ်ခဲ့တာပဲ"ဆိုတဲ့ စကားအား အမြဲပြန်​ပြောတက်ကြမြဲ..

My Youth is Yours {U/Z}Onde histórias criam vida. Descubra agora