Chapter (10)

594 123 2
                                    

Chapter (10)

နေ့လည်စာစားပြီးနောက် ဖုဟောင်ရင် ရောက်လာခဲ့သည်။ မနက်စောစောတည်းက  သူမသည် ဟဲ့ကျီကိုဖုန်းဆက်ထားခဲ့ပြီး မနေ့ကသူမပြောခဲ့သည့် ပေါင်မုန့်ကင်ပြုလုပ်နည်းအတွက် လိုအပ်သည်များကို ပြင်ဆင်ပေးထားရန် ကျိမောင်ကို တောင်းဆိုခဲ့သည်။

သူမအိမ်ထဲသို့ ဝင်လာသောအခါ ကျိမောင်သည် ပြုလုပ်ပုံအဆင့်ဆင့်ကို ကြည့်နေပြီး မုန့်သားအစိမ်းကို ဆုပ်နယ်နေ၏။ သူမသား ဟဲ့ကျီသည်တော့ ကျိမောင်ဘေးနားတွင်ရပ်ကာ မျက်စိစုံမှိတ်ပြီး ပေါက်ပေါက်ဖောက်နေလေသည်။

ကျိမောင်၏သည် အဖြူရောင်ဂျုံကို လက်ဖြင့်သေချာနယ်နေဆဲဖြစ်ကာ ဖုဟောင်ရင်သည် အလွန်ပေါ့ပါးစွာ လှုပ်ရှားလာသဖြင့် သူမမီးဖိုချောင်နား ရောက်နေသည်ကို မည်သူမှ သတိမထားမိခဲ့ပေ။ သူမ သူတို့ကိုလှမ်းခေါ်တော့မည့်အချိန်တွင် ဟဲ့ကျီသည် ကျိမောင်လက်ညှိုးလေးကို ဆုပ်ကိုင်လိုက်ပြီး သန့်ရှင်းရေးကိုဂရုမစိုက်သောကြောင့် ဝေဖန်လိုက်သည်။

" ခင်ဗျား ကျွန်တော့်ကိုဆက်ထိနေရင် ပိုတောင် ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်တော့ဘူး၊ ခဏလေး ကျွန်တော် လက်ဆေးလိုက်ဦးမယ်"  ကျိမောင် ဟဲ့ကျီဆီမှ သူ့လက်ကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။

ဟဲ့ကျီတစ်ယောက် သူ့လုပ်ရပ်တွေကို ပြန်မစဉ်းစားဘဲ အဘယ့်ကြောင့် ပိုပိုဆိုးလာရမှန်း ကျိမောင်နားမလည်တော့ပေ။ ဟဲ့ကျီတွင် သူလုပ်ချင်တာကိုလုပ်သည်နှင့် ပတ်သက်ပြီး ပြဿနာကြီးကြီးမားမားတစ်ခု ရှိပုံရသည်။

ဟဲ့ကျီလည်း ကျိမောင်ကိုကြည့်ပြီး ပြန်ပြောလိုက်သည်။ "အဲ့ဒါ မင်းကိုထိတာလို့ သတ်မှတ်လို့ရတယ်လေ. . . မင်းဘာလို့ ဒီလောက်တုံးရတာလဲ "

ဖုဟောင်ရင်သည် ကျိမောင်နှင့်ဟဲ့ကျီတို့၏ မျက်နှာအမူအရာကို မမြင်နိုင်ဘဲ သူမမျက်နှာသည်သာ နီရဲလာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမသား သူမကိုသတိမထားမိခင် အနောက်ဘက်တွင်ရပ်လိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်၏။

"အမေ " ဟဲ့ကျီက လှည့်ကြည့်လာပြီး သူမကို ရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်၏။

Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)Where stories live. Discover now