Ep22~Sometimes the person you want most is the person you're best without~

1.5K 77 11
                                    

~I trusted you but now your words mean nothing to me because your action spoke the truth~

ချေမိုးရေမိုးချိုးပြီးထွက်လာတော့ အပြင်ဘက်မှာဂနာမငြိမ်ဘဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့ရည်မွန်ကြောင့် ချေမိုးပိုပြီးစချင်စိတ်ပေါက်သွားသည်။ အခုထိ အခန်းထဲကထွက်လာတဲ့သူ့ကို အာရုံမရောက်သေးတာကြောင့် ရည်မွန်နားကိုတဖြည်းဖြည်း ခြေလှမ်းဖွဖွလေးနဲ့ တိုးသွားလိုက်သည်။ ဟိုကသူ့အာရုံနဲ့သူဆိုတော့ အနားနားရောက်နေတဲ့သူ့ကိုတောင် သတိမထားမိဘူး။

"အမေရေ..."

သူရည်မွန်နောက်ကနေ ပါးချင်းကပ်လိုက်ပြီး သွားတိုက်​ပြီး​ပြီလို့ပြောတော့ ရည်မွန်လန့်သွားလို့ထင်ပါသည်။ ကိုယ်လုံးလေးကပါ တုန်တက်သွားတာကို မြင်လိုက်ရသည်။

"အသံပေးပါလား။ ရုတ်တရက်ကြီး အေးစက်စက်နဲ့လာထိတော့ လန့်သွားတာပေါ့"

"ဟုတ်ကဲ့ပါဗျာ။ တောင်းပန်ပါတယ်။ ဒါနဲ့ကိုယ်သွားတိုက်ပြီးပြီနော်။ ရေလည်းချိုးပြီးပြီ"

"အဲဒီတော့ ဘာလုပ်ပေးရဖို့..."

"ဟော် ပြောထားတာ မေ့သွားတယ်ပေါ့။ ကိုယ့်ကိုအရင်သွားတိုက်ဆို"

"အဲ့လိုပြောမိလို့လား"

"မင်းလေးက ကိုယ့်ကိုအရူးလုပ်နေတာပဲ"

စိတ်မကောင်းတဲ့ပုံစံနဲ့ပြောလိုက်ပေမယ့် တစ်ကယ်တော့ ချေမိုးဟာရည်မွန်ကိုစနေခြင်းဖြစ်သည်။

"ငါပေးမယ်"

"ဟင်"

"ဘာဟင်လဲ။ မယူဘူးလား"

"ဘာကိုပေးပြီး ဘာကိုယူမှာလဲ"

"ချေမိုး"

ချေမိုးက သူ့ကိုကျောခိုင်းသွားသည်။ သူကပဲ စိတ်ဆိုးရတယ်ရှိသေး။

"ဒီဘက်ပြန်လှည့်လေ"

"ကိုယ့်ကိုချေမိုးလို့ မခေါ်နဲ့လို့ပြောထားတယ်လေ"

"ရိန်း... ဒီဘက်လှည့်"

"ဟုတ်ကဲ့အမိန့်ရှိပါ"

"အကျီသွားဝတ်လိုက်တော့"

"အင်း"

"ငတုံး...အွတ်.."

Rain💛Moon (Completed)Where stories live. Discover now