17

579 56 10
                                    

မနေ့က ပြဿနာတွေကြောင့် စိတ်ရှုပ်လို့ ညကစောစောအိပ်လိုက်တော့ မနက်ပိုင်း စောစောနိုးနေပြန်သည်။ပြန်အိပ်လို့လည်း အိပ်မပျော်တော့တာနဲ့ မျက်နှာသစ်ကာ တခါတည်းပြင်စရာရှိတာ ပြင်ထားလိုက်သည်။

ပြင်နေရင်း မှန်ထဲမှာ ခဏတာ တွေဝေစွာ ကြည့်နေမိသည်။မမMina ပြောသလို Kim Annaဆိုတဲ့ အမျိုးသမီးနဲ့ယှဉ်ကြည့်လိုက်လျှင် ဂျွန်က တကယ် ကလေးပေါက်စလိုဖြစ်နေပါရောလား။အကယ်၍များ ဂျွန်ဂျောင်ကုများ ထိုအမျိုးသမီးနောက်ပါသွားခဲ့ရင်...။ အို...Park Juneရူးများရူးနေပြီလား။မမMinaပြောသလို ဂျွန်ဂျောင်ကုကိုကြွေနေမိပြီလား မသိတော့ပေ။ကိုလေးတို့ကြောင့်စိတ်ညစ်နေတာရယ် ဂျွန်ဂျောင်ကုဆိုတဲ့လူကြီးကြောင့် စိတ်ရှုပ်နေတာရယ် ရူးပဲရူးချင်တော့တယ်။ တွေးလက်စ အတွေးတို့ကိုရပ်ပစ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

အောက်ရောက်တော့ ဟိုဆော့oppaရောက်နေသည်။

"သမီး အစောကြီးနိုးနေပါ့လား"

"ဟုတ်တယ်ဖေကြီး မနေ့က စောစော အိပ်ပျော်သွားတော့ ဒါနဲ့ ဟိုဆော့oppaက ဒီကိုဘယ်လို..."

"ဂျောင်ကု ဒီနေ့အလုပ်ရှိလို့တဲ့ လာမခေါ်နိုင်ဘူးသမီး အခု ဟိုဆော့က လာလည်တာ လမ်းကြုံတော့ သမီးလိုက်သွားလိုက်ပါလား သူလည်း ဂျောင်ကုတို့ကုမ္ပဏီသွားမှာပဲတဲ့"

ဂျွန်ဂျောင်ကုဆိုတဲ့လူကြီးတစ်ယောက် ခြေလှမ်းတွေ စပျက်နေပြီပေါ့လေ။

"ကိုကြီးကရော"

"သူက အလုပ်သွားနှင့်ပြီ"

"အော်...ဟုတ် လိုက်သွားလိုက်မယ်လေ ခုမှရောက်တာမလား မနက်စာရော စားပြီးပြီလား"

"ဘယ်စားရဦးမလဲ သမီးရဲ့ အတူတူစားပြီးမှ သွားကြပေါ့"

"nae..."

ဖေကြီးနဲ့ ပြောပြီး သုံးယောက်သားမနက်စာစားဖို့ ထမင်းစားခန်းထဲသို့ဝင်လာကြသည်။ထမင်းစားနေရင်းလည်း ဟိုဆော့oppaတို့နဲ့က အလုပ်ကိစ္စရှိသည်ဆိုတော့ ဖေဖေနဲ့အလုပ်ကိစ္စကိုအများဆုံးပြောနေကြသည်။

"သမီး မနေ့က နင့် ကိုလေး အိမ်ပြန်မလာဘူးမလား"

အဲလေ...ဟုတ်သား။မနေ့က စိတ်တိုတိုနဲ့ အိမ်ပြန်ရောက်ကတည်းက ဖေကြီးကို အကျိုးအကြောင်းမပြောထားရဘူး။ဒုက္ခပါပဲ။

Ko Ko Jung (ကိိုကိုဂျောင်)  ||Completed||Nơi câu chuyện tồn tại. Hãy khám phá bây giờ