Extra p1

641 26 4
                                    

          အခုဆိုအဝေနဲ့ကိုကိုတူ‌တူနေတာ သုံးလပင်ပြည့်တော့မည်... အရင်အဝေတို့နေခဲ့တယ်နေရာကအဝေရဲ့အလုပ်ကောကိုကိုရဲ့companyနဲ့ပါဝေးတာကြောင့် အလုပ်နဲ့နီးတယ့်နေရာမှာဘဲ. အိမ်၀ယ်ပြီးနေဖြစ်ကြတယ်..  ဦးလေးဖြစ်တယ်ကိုကိုရဲ့အဖေကတော့ အဝေတို့ကိုသဘောကျတယ်လည်းမဟုတ်ပေမဲ့လည်းနဲနဲလေးတော့လက်ခံတယ်ထင်ပါရဲ့ အဝေတို့ကသဘာ၀ကိုလွန်ဆန်ပြီးချစ်နေကြတော့လည်း ပတ်၀န်းကျင်အတွက်တော့ပြောစရာပေါ့ ဒါမဲ့လည်းအဝေနားမှာကိုကိုရှိနေတော့အဆင်ပြေပါတယ်.. သူကတော့တစ်ခနဲရှိဒေါသနဲ့အချိန်တွေသာကြာလာတာ.. အဲဒီစိတ်မြန်လက်မြန်တယ့်စိတ်ကမပျောက်သေးး .....

                   - "အဝေ.... အဝေ... ဘယ်မှာလဲ..."

အခုဘဲကြည့်မိုးလင်းလို့မနက်ရောက်တာနဲ့မတွေ့တာနဲ့ခေါ်နေတာ.. အဝေတည်နေတယ့်ဟင်းအိုးကိုမီးးပိတ်လိုက်ပြီးး.. အပေါ်ထပ်ကအကိုတော်ဆီသွားရပေအုံးမည်..

                - "လာပါပြီကိုကိုရယ်... အိမ်ရာပေါ်ကမထသေးးဘဲနဲ့အဝေကိုခေါ်နေတာ..."
                - "အွန်... .. ကိုကိုမင်းကိုပြောထားတယ်လေ အဝေ.. ကိုကိုမိုးလင်းလို့မနက်ရောက်တာနဲ့အဝေကိုမြင်ချင်တယ်လို့ပြောထားတယ်လေ.. ဘယ်တွေသွားနေတာလဲကွာ..."
                - "အော်.. ဒီနေ့ကကိုကိုအလုပ်မသွားရဘူးလေ အာ့မို့အဝေကိုကိုကြိုက်တယ့်ဟင်းတွေချက်နေတာလေ.. "
                -" .. ဟာ.. ကိုကိုပြောထားတယ်လေ ဒီနေ့ဆိုင်ကမှာစားမယ်လို့ပြောနေတာ ဘယ်လိုဖြစ်လို့ပင်ပန်းခံနေတာလဲ.. သူမပင်ပန်းရအောင်ပြောတာကိုလုပ်နေပြန်ပြီ... "
                -" .. ကိုကိုနော်.. အဝေစေတနာမစော်ကားနဲ့ဒီကဖြင့်သူစားချင်တယ့်ဟာတွေချက်နေတာကို... "

ဆိုပြီးးမျက်စောင်းထိုးကာဟိုဘက်လှည့်သွားသူ......ကြည့်ကြည့် အဝေရာတို့ စ‌စိတ်ကောက်ပါတော့မယ်.. ဒီကသူကိုပင်ပန်းမှာဆိုးလို့ကို..  အိပ်ရာပေါ်ကလှဲနေတာကနေ ဘုန်းမြတ် ချက်ချင်းထလိုက်ပြီးး

              -" အဝေ .. ကိုကိုဘက်ကိုလှည့် .. ကိုကို‌ကလေအဝေကိုဘာမှမလုပ်စေချင်တာ... အခုဝေအလုပ်လုပ်နေတာတောင်မှ အဝေကအတင်းပြောလို့သာကိုကိုခွင့်ပြုရတာ.. တစ်ရက်တစ်လေ အဝေလည်းနားရတာလေ .. အဝေပင်ပန်းမှာဆိုးလို့ပြောပြတာလေကွာ.. "
              - " သွားပါ...  အခုမှလာပြီးး ဒီကလည်းစားစေချင်လို့လေ.. ဒါလေးချက်တာ ပင်ပန်းမှာမှမဟုတ်တာ... ကိုကိုကသာအဖြစ်သည်းးနေတာ..."
              - " ဟာဗျာ.. သည်းရမှာပေါ့ ဒီတစ်ယောက်တည်းဘဲရှိတာလေ.. ပြောမယ်ဆိုရင် ကိုကိုအနားအဝေရှိရုံနဲ့တင်.. အရာရာပြည့်စုံနေပြီ. အာ့မို့မတွေ့ရင်ကိုကိုအရမ်းစိတ်ပူနေတာပေါ့... "
              - " ဟုတ်ပါပြီ... ရွှေမန်းတင်မောင်နဲ့ဘာတော်လည်းမသိတယ့် အကိုရေ.. ထတော့မျက်နှာလည်းမသစ်သေးဘဲနဲ့စကားပြောနေတယ် မနက်စာပြင်ပြီးးပြီ..... အိပ်ရာက‌ထတော့."
              - " အွန် ဟုတ်ပါပြီ... ဒါနဲ့အဝေရာမေ့နေပြန်ပြီလားး... ခနခနပြောနေရရင်မကောင်းတော့ဘူးးကွာ"

    အဝေရဲ့သူ   [Completed]Where stories live. Discover now