~I care for someone who doesn't care about me and now I am not feeling anything, I am completely empty~
အခုတစ်လော သားလေးမျက်နှာမကောင်းတာကို သီရိရောသူပါ ရိပ်မိပါသည်။ သားချေမိုးက အရင်ကဆိုလာနေကြဖြစ်ပေမယ့် မတွေ့ဖြစ်တာနည်းနည်းကြာလာတော့ သူတို့သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်ထားကြတာလို့ပဲ သူတို့မိဘတွေက ခပ်လွယ်လွယ်ပဲ ကောက်ချက်ချလိုက်ကြသည်။
"သားခုတလော သားချေမိုးနဲ့ မတွေ့ဖြစ်ကြဘူးလား"
"ဟုတ်။ သူနည်းနည်း အလုပ်ရှုပ်နေလို့ပါအဖေ"
ကျောင်းမှာဆိုရင်လည်း သူနဲ့ချေမိုး စကားသိပ်မပြောဖြစ်ကြဘူး။ ချေမိုးကလည်း ပျက်ရက်တွေဆက်တိုက်လိုလို များလာသည်။ သူ့ကိုတမင်တကာရှောင်နေတယ်လို့ပြောရင် ပိုမှန်လောက်မည်။
"မင်းတို့ရန်ဖြစ်ထားကြတာလား။ ဟိုနေ့ကကိစ္စကြောင့်နဲ့လေ..."
"ငါမဖြစ်ဘူး"
"မင်းမဖြစ်ဘူးဆို ချေမိုးကဘာလို့ ဒီလိုတွေဖြစ်နေတာလဲ"
"သူ့အဖေကသိသွားတယ်လေ။ ကျောင်းရုံးခန်းရောက်တဲ့နေ့က..."
"အဲဒီတော့"
"သဘောမတူဘူးတဲ့။ သူ့ကိုချောနဲ့စေ့စပ်ပေးဖို့ လုပ်နေကြတယ်။ နောက်အပတ်ထဲကို"
"ဟာ...ရမလားကွ"
"ဖြေးဖြေးပြောပါကွာ..."
"တောက်စ်"
"ခွန်းရာ... တိုးတိုးသာသာလုပ်ပါကွာ။ ကျောင်းခန်းထဲမှာနော်"
"ငါစိတ်တိုသွားလို့..."
"ချေမိုးကသဘောတူလိုက်တယ်ပေါ။ အဲ့ဒီစေ့စပ်ပွဲကို"
"ငါမသိဘူး။ အဲ့ဒီနေ့နောက်ပိုင်း သူနဲ့ငါအဆက်အသွယ်မရှိခဲ့ဘူး"
"ရည်မွန်ရာ...မင်းကတော့ကွာ။ မင်းမေးရမယ်လေ။ မင်းတို့နှစ်ယောက်က ချစ်ကြတဲ့သူတွေလေ"
"ငါမေးချင်တာပေါ့။ သေချာဆုံးဖြတ်ပြီးရင် အဖြေပြန်ပေးလို့ပြောထားတယ်။ အဲဒါကြောင့် သူပေးတဲ့အဖြေကို ငါစောင့်နေတယ်"
"မင်းကဒီအတိုင်း ငြိမ်ငြိမ်လေး စောင့်နေတယ်ပေါ့။ တစ်ပတ်လုံးကိုလေ"
YOU ARE READING
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...