Ep24~I'm not ready to trust you again~

1.5K 79 2
                                    

~I want you to know, I miss you so bad and I want to be with you so bad~

အချိန်တွေကုန်လွန်ပြီးဆုံးဖို့က ရည်မွန်အတွက်သိပ်ကိုနှေးလွန်းခဲ့သည်။ တစ်ရက်တစ်ရက်က သူ့အတွက် အချိန်အကြာကြီးရှိသလိုကို ခံစားခဲ့ရသည်။ ဒါပေမယ့်လည်း အခုသူအိမ်ပြန်ရတော့မယ့်အချိန်ကို ရောက်လာခဲ့ပြီ။

"သား ဘယ်တော့အဖေတို့ဆီကို ပြန်လာမှာလဲ။ ငါးနှစ်တောင်ရှိနေပြီ"

"သားနောက်လထဲကိုပြန်လာဖို့ လုပ်ထားပြီးပြီ။ အဲဒါကိုပြောပြချင်လို့ အဖေတို့ဆီဆက်လိုက်တာ"

"ဟုတ်လားသား...ဝမ်းသာလိုက်တာ။ အဖေတို့လာကြိုမှာပေါ့။ နီးရင် ဖုန်းထပ်ဆက်လိုက်သား"

"ဟုတ်။ အဖေတို့လည်း ကျန်းမာရေးဂရုစိုက်ကြဦး။ သားကိုပဲ အရမ်းစိတ်မပူကြပါနဲ့"

အစပိုင်းမှာ အဖေနဲ့အမေလေးကတော့ သူဆီတစ်ပတ်ကိုတစ်ခါလိုလို ဖုန်းဆက်ဖြစ်ပေမယ့်လို့ နောက်ပိုင်းမှာတော့ တစ်လမှတစ်ခါလောက်သာ ဆက်သွယ်ဖြစ်ခဲ့သည်။ သူငယ်ချင်းတွေဆီကိုတော့ သူအဆက်အသွယ်ဖြတ်ထားခဲ့သည်။

' မင်းတို့ဆီဆက်သွယ်မယ်ဆိုရင် ချေမိုးအကြောင်းကြားရမှာသေချာနေတော့ ငါလက်ခံနားထောင်ပေးဖို့ အဆင်မပြေခဲ့ဘူး။ ခွင့်လွှတ်ကြပါသူငယ်ချင်းတို့ရာ... '

တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် သူနိုင်ငံပြန်လာဖို့ လုပ်ထားပြီးသားပါ။ ချေမိုးကို လုံးဝသူ့စိတ်ထဲကနေ မေ့ပစ်လိုက်နိုင်ခဲ့တဲ့တစ်​နေ့ပေါ့။ ဒါပေမယ့် သူ့စိတ်က လွမ်းဆွတ်တမ်းတနေတုန်းပဲ။ သူဘယ်လိုလုပ်ရမလဲ။ ဒီငါးနှစ်အတွင်းမှာ သူထိန်းချုပ်လိုက်နိုင်တာတစ်ခုကတော့ ချေမိုးကို ထပ်ပြီးမချစ်မိဖို့ပဲ။ မ​မြင်တာကြာပြီမို့ မေ့နိုင်မယ်ထင်ခဲ့တာ ရင်ထဲနှလုံးသားထဲကအမှတ်တရတွေက မေ့ပျောက်လို့မရလောက်အောင် အထိန်းအသိမ်းကောင်းခဲ့သည်။

"လေယာဥ်ဆိုက်ပါတော့မယ်။ လိုက်ပါစီးနင်းလာ​ကြသော လေးစားချစ်ခင်ရပါသော ခရီသည်များရှင်.... ကိုယ့်ရဲ့ကိုယ်ပိုင်အထုပ်အပိုးနဲ့ပစ္စည်းများကို သေချာလေးစီစစ်ပြီး လေယာဥ်ပေါ်ကဆင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်"

Rain💛Moon (Completed)Donde viven las historias. Descúbrelo ahora