Extra-1🍀

497 35 2
                                    

Unicode

မှောင်မိုက်ညကောင်းကင်ယံနှင့်အတူယှဥ်ပြိုင်နေသောညအမှောင်ထုမှာပို၍ပို၍မှောင်မိုက်လာသည်။
ထို့အပြင်လူသားနှစ်ယောက်၏နှလုံးသားတို့မှာလည်းထပ်တူကြကာမှောင်မိုက်သောညကိုလင်းလက်စေသယောင်ဖြစ်စေသည်။

သဲသောင်ပြင်ပေါ်တွင်ထိုက်ချကာတစ်ယောက်ပုခုံးပေါ်တစ်ယောက်အမှီပြုနေသောလူသားနှစ်ယောက်တည်ရှိနေသည်။

"Hyung"

"အင်း"

"ကျွန်တော်တောင်းပန်ပါတယ်"

"Kook ကဘာကိစ္စနဲ့Hyung ကိုတောင်းပန်နေတာလဲ"

"ကျွန်တော်hyung ကိုပင်ပန်းစေခဲ့တယ်၊နာကျင်စေခဲ့တယ်၊နောက်ဆုံးကျွန်တော့်ကိုမုန်းတယ့်အထိ.."

"မဟုတ်ဘူး kook ။ မင်းကိုhyung ဘယ်သောအခါကမှမမုန်းဘူး။ ဟုတ်တယ် hyung ပင်ပန်းတယ်၊နာကျင်တယ် ဒါပေမယ့်မင်းကိုချစ်နေခဲ့တယ်လေ။"

"ကျွန်တော်hyung ကိုသိပ်ချစ်တယ်။ အမှန်ကိုဝင်ခံရမယ်ဆိုမြင်မြင်ချင်းကတည်းကချစ်နေမိတယ်ထင်တယ်။ ကျွန်တော်ကိုယ့်စိတ်ကိုကိုယ်ကြောက်နေခဲ့မိတယ်။ ဘာကြောင့်ဆိုရင်ကျွန်တော်ကယောက်ျားတစ်ဖြစ်နေရဲ့သားနဲ့နောက်ထပ်ယောက်ျားလေးတစ်ယောက်အပေါ်ချစ်မိနေလို့ဘဲ။ ကျွန်တော်ဘယ်ယောက်ျားလေးအပေါ်မှအယ်လိုမခံစားခဲ့ရဘူး။ Hyung ကျွန်တော့်အနားရှိနေရင်ပျော်တယ်၊တစ်ခြားတစ်ယောက်နဲ့အတူတွေ့နေရရင်hyung ကိုဆွဲထားချင်တယ်။ Hyung ရယ်ရင်၊ပြုံးရင်ကျွန်တော်အရမ်းပျော်တယ်၊မြတ်နိုးတယ်။ဒါတွေကအကိုအချစ်လို့ခေါ်လို့ရမလားHyung"

ထိုသို့ဖွင့်ဟဝင်ခံလိုက်ပြီးပုခုံးပေါ်မှီနေတယ့် Jimin ကိုခတ်စောင်းစောင်းလေးကြည့်လိုက်သည်။
ပုခုံးပေါ်ကနှုတ်ခမ်းဖူးဖူးလေးနဲ့ကောင်လေးကလည်းပြန်ကြည့်လာသည်ထို့​နောက်ပြုံး၏။

သိပ်လှသည်
သိပ်မြတ်နိုးလှသည်
ဘယ်အချိန်ကတည်းကထိုအပြုံးတွေပျောက်ကွယ်နေခဲ့တာလဲဆိုတာသူကိုယ်တိုင်ပင်သိပုံမရချေ...။

"တကယ်လား Kook ။​Hyungကိုမင်းမြင်မြင်ကတည်းကချစ်မိနေတယ်ဆိုတာ။"

Better With YouDonde viven las historias. Descúbrelo ahora