Uni#
ဟိန်းဇေကြိုက်တတ်တာတွေပဲ ရွေးပီး ဝယ်လာရင်း အခန်းထဲဝင်လာသည်။ အထုတ်တွေတော့ ထုတ်ပီးပါရဲ့ မျက်နှာက ၇ခေါက်ချိုး ၈ခေါက်ချိုးနဲ့ ဘာဖစ်မှန်းမသိဘူး ဟိန်းဇေရဲ့မျက်နှာကို မြင်တော့ မိမိခမျာ ဘာများဖစ်နေလဲလို့ တွေးမိသည်။ ဆိုဖာအရှေ့ရှိ ခုံပေါ်သို့ တင်လိုက်ပီးနောက် တစ်ခုချင်းဖြေကာ ထုတ်နေသည်။
''နက်ဖြန်မှ သွားရမှာ အခုကတည်းက မသွားရလို့ စိတ်ကောက်နေတာလား....''
''မဟုတ်ပါဘူး '' sofaပေါ်ထိုင်ရင်း ဖုန်းကို ခုံပေါ်တင်လိုက်သည်။ အေးစက်သောမျက်နှာထားနှင့် မျက်စောင်းထိုးသလိုလိုဘာလိုလိုဖြင့် မျက်အိမ်ကို ကျဥ်းထားကာ pizzaကို စောင့်အင်ငေါက်အင်ဖြင့် ယူကာစားနေသည်။ ပလုတ်ပလောင်းဖြင့် ချိစ့်ပေသွားသောကြောင့်နှုတ်ခမ်းအနားကို လက်ဖြင့် သုတ်လိုက်ရင်း...
''ဖုန်းခေါ်ထားတယ် ဘယ်သူလဲ မသိဘူး။ ပြောရတာလဲ စွချိုးမပြေပါဘူး ''
ထိုသို့ပြောလာသောအကောင်ပေါက်လေးကြောင့် မိမိနဲ့ ရှိုင်းကလွဲရင် လူမှုဆက်ဆံရေးကောင်းတဲ့ကောင်လေးက အချိုးမပြေဘူးတဲ့လား။ ပလုတ်ပလောင်းဆိုတော့ နင်နေမှာစိုး၍ အအေးဘူးကို လက်ထဲ ထည့်ပေးလိုက်သည်။
''ဟုတ်လား...။ နောက်မှကြည့်လိုက်မယ်။ ဖြေးဖြေးစား နင်နေအုံးမယ်...''
ဘေးတွင်ဝင်ထိုင်လိုက်ပီး ဗိုက်ကလဲ ဆာနေသောကြောင့် ယူရန်လှမ်းလိုက်တော့ မတူညီသောလက်တစ်ဖက်ဆီတို့ ပီဇာတစ်စိတ်ဆီသို့ ရောက်ရှိသွားသည်။ ဟိန်းဇေလက်ကိုကိုင်မိသွားတော့ ချက်ချင်းဆိုသလို ပြန်ရုတ်သိမ်းသွားသောသူ့ကြောင့် မင်းစက်လဲ မစားပဲ လက်ပြန်ဆုတ်သွားသည်။
''စားမှဖြင့်စားလေ ဗိုက်ဆာနေတာကို ဒုက္ခလာခံနေတယ် သေချင်လို့လား...''
''အဲ့....အော်...အင်း..." အဲ့တော့မှ ယူကာစားရင်း ဟိန်းဇေမျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်နေတော့သည်။ အပေါက်လေးကဆိုးပေမဲ့ ချစ်ဖို့တော့ကောင်းသား။ ပီဇာအစား ဟိန်းဇေရဲ့ ပါးပြင်ဖောင်းဖောင်းစားနေရသည့်အလား ပြုံးဖြီးနေတာကြီးက နွားပွဲစားကိုပြရင်တောင် စျေးကောင်းရလောက်သည်။
YOU ARE READING
The love on you💜
БоевикInvisible loveရဲ့ secondအတွဲဖစ်တဲ့ မင်းစက်နဲ့ ဟိန်းဇေတို့ကို The love on youမှာ ပြန်တွေ့ရမှာဖြစ်ပါတယ်။