တစ်ရက်တာ ကုန်ဆုံးဖို့ နီးလာနေတာမှန်ပေမဲ့ ငါ့ရဲ့ ပျော်စရာတွေက အခုမှ စတင်မှာ
မှောင်သထက်မှောင် နက်သထက်နက်လာသော ညဘက်မှာ ငါ့ရဲ့ပျော်ရွှင်မှုတွေက တစ်စတစ်စကြီးထွားလာနေပြီရန်ကူန်မြို့ပြရဲ့ ညဟာ အသက်ဝင်လွန်းလှတယ်
မီးရောင်တွေ ကိုယ်စီနဲ့ ဒီလိုလင်းနေပုံနဲ့ ညဘက်လို့တောင်ပြောဖို့မေ့ရလောက််တယ် အဲ့လိူပြောရင် ကောင်းကင်မှာရှိနေတဲ့ နွားနို့ကြီး ကစိတ်ဆိုးမလားမသိ
ခင်ဗျားကြီးလည်း ကောင်းကင်မှာ ဝိုင်းစက်ဝါဝင်ပြီး လင်းထိန်နေပါတယ်ဗျာ ခင်ဗျားရှိနေလို့ပဲညလို့ သတိရနေရတာ
ညဘက် လူသူပျက်တယ်ဆိုတဲ့ စကားရန်ကုန်မှာ မရှိသလိုပဲ အရှေ့ကြည့်ကြည့် ဘေးကြည့်ကြည့် တောင်ပဲကြည့်ကြည့် မြောက်ပဲကြည့်ကြည့် လူရိပ်ပျောက်တဲ့နေရာမရှိ တွေ့တွေ့သမျှ လူအကုန် ပျော်နေကြတာများ သူတို့ကြည့်ပြီး ကိုယ်ပါလိုက်ပြုံးမိတယ် ငါကားထဲကိုပြန်ကြည့်လိုက်တယ် ငါတို့ကလူအရေအတွက် နည်းနည်းများတော့ အိမ်စီးကားထဲမှာ ကျပ်သလိုပဲ ဘေးနားက ငါ့ရဲ့ သူငယ်ချင်း ကိုကြည့်တော့လည်း သူလည်း ငါ့လိုပဲခံစားနေရကြောင်း မျက်လုံးအကြည့်တွေကနေငါတို့အချင်းချင်းသိရတယ် သူနဲ့ငါနဲ့က မွေးကတည်းက ပေါင်းလာတာ သူငယ်ချင်းဆိုပေမဲ့ ညီအမလိုတောင်ဖြစ်နေပြီ နေရာကကျပ် ကားကမီးပွိုင့်ကနေမရွေ့ နေပေမဲ့ ငါတို့အတွက် နေရာကျပ်တာတွေကေန နွေးထွေးမှုကိုခံစားရတယ် ကားကမီးပွိုင့်ကနေမရွေ့လို့ပဲ ရန်ကုန်ညရဲ့ အသက်ဝင်မှုကို ငါတို့ အပြည့်အဝခံစားလို့ရနေတာပဲငါတို့ကားလေး လမ်းမထက်မှာ တဖြည်းဖြည်း ရွေ့ရင်းနဲ့ ငါသတိထားမိတယ် မီးရောင်တွေပိုပြီးတောက်လာတာ
လူတွေပိုပြီးစည်ကားနေတာ
ကားဘီးအကြီးကြီးတွေဖြတ်သွားတဲ့အသံ
သေချာရှာကြည့်မှ ကွန်တိန်နာကားတွေဖြစ်နေတာ
နှာခေါင်းထဲဝေ့တက်လာတဲ့ အကင်နံ့ကလည်း တစ်သက်မမေ့နိုင်လောက်ဘူးးး
နောက်ဆုံးတော့ "ကမ်းနားလမ်း ညစျေး"ကိုရောက်ပြီ
ငါတို့တကယ်ကိုပျော်ပျော်ရွှင်ရွှင် ကားပေါ်ကဆင်းတယ်
ခံစားချက်က တကယ့်ကို ပြောလို့တောင်မရဘူးး
ငါ့အတွက်ပေါ့ ငါက ညဘက်လျှောက်လည်ရတာကိုပြောမပြတတ်အောင်ကြိုက်တယ် street foods တွေဆိုတာလည်း fav ပဲ
ငါနဲ့ ငါသူငယ်ချင်းနဲ့ ဟိုဆိုင်စားမယ် ဒီဆိုင်စားမယ်နဲ့ နှစ်ယောက်ကြားရုံပြောနေကြတယ် ငါတို့နှစ်ယောက်လုံးပျော်တယ်ဆိုတာ စကားနဲ့ပြောစရာတောင်မလိူလောက်ဘူးး ငါတို့မျက်နှာမှာ အတိုင်းသားပေါ်နေတာ
နောက်တော့ ငါတို့ ဆိုင်တစ်ဆိုင်ဝင်ထိုင်တယ် စားပွဲပေါ်က အကင်လေးတွေကြည့်ပြီး စိတ်ထဲပျော်နေတာ
ငါ့အဒေါ်တွေ ဦးလေးတွေက တစ်ယောက်နဲ့တစ်ယောက်နောက်လိုက်ပြောင်လိုက် စလိုက်နောက်လိုက်နဲ့ ငါတို့အုပ်စုစားပွဲက အသံအကျယ်ဆုံးပဲ တစ်ချက်ချက် ေဘးဝိုင်းတွေကပါ စကားဝင်ပြောပြီး နောက်ကြသေးတယ် ငါနဲ့ ငါ့သူငယ်ချင်းတော့ မြင်မြင်သမျှ အကင်တွေ စားလိုက် တစ်ယောက်နဲ့တစ်ယောက် စားကောင်းတာလေးတွေပြောလိုက် နဲ့ပေါ့
စားတာများပြီး ဗိုက်ကတော်တော်တင်းနေပြီ ငါအစားစားတာ ခဏရပ်မိတယ် အဲ့ချိန် ငါတို့နဲ့ အလှမ်းမှာ ကွန်တိန်နာ ကားဖြတ်သွားတဲ့အသံတွေလည်း ငါကြားရတယ် တစ်ချက်တစ်ချက် တိုက်လာတဲ့ လေအေးကြောင့် ငါ့hoodie အမဲလေးရဲ့ အိတ်ကပ်ထဲ လက်တောင်ထည့်မိတယ် ဘေးပတ်ဝန်းကျင်ကြည့်တော့
ငါ့အဒေါ်တွေ ဦးလေးတွေရဲ့ ရယ်သံနောက်သံတွေ ေဘးဝိုင်းက သူငယ်ချင်းအုပ်စုတွေရဲ့ စကားပြောသံတွေ လမ်းမကိုကြည့်တော့လည်း ချစ်သူရည်းစားတွေ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး တွဲလျှောက်နေပုံတွေ ညမီးရောင်တွေအောက်မှာ ပိုစ့်အပီအပြင်ပေးပြီး ညဘက်အလှနဲ့ ရန်ကုန်မြို့ညရဲ့ အသက်ဝင်မှုတွေကို အသုံးချပြီး ဇာတ်ပုံရိုက်နေသူတွေ စားသောက်စာတွေက အမွှေးနံ့ကြိုင်ကြိုင်တွေ ငါနဲ့ငါ့သူငယ်ချင်းတစ်ယောက်နဲ့တစ်ယောက်ခွန့်ကျွေးတာတွေ လမ်းမပေါ်က ကားတွေဖြတ်တဲ့အသံတွေ ညဘက်မီးရောင်တွေ ငါ့ရဲ့ hoodie လေးရဲ့ နွေးထွေးမှုရယ် လူသွားလမ်းမှာ ဘေးမှာ ကားတွေကဖြတ် လေတဖြူးဖြူးနဲ့ hoodie အိပ်ကပ်ထဲလက်ထည့်ပြီး လမ်းလျှောက်တဲ့အချိန်တွေ တကယ်ကို အဲ့အခိုက်အတန့်လေးကို ပြောမပြတတ်အောင်မြတ်နိုးတယ်..လွမ်းတယ် ရန်ကုန်မြို့ညကြီးရယ်
ရန်ကုန်မြို့ညကြီးရဲ့ .........
Think abt u r mightnight memories after listen this!
https://youtu.be/bkx9kCdaaMg
YOU ARE READING
Memoria{Memory}
Short StoryOne of Yangon's most lively nights Or my unforgettable lovely NIGHT!!!