Chapter (12)
နောက်တစ်နေ့နံနက်စောစော၌ ဟဲ့ကျီ ကုမ္ပဏီသို့လာ၍ ဓာတ်ခွဲခန်းတာဝန်ခံအားခေါ်ကာ ခန္ဓာကိုယ်တစ်ခုလုံးအား အာရုံခံစားနိုင်သောစနစ်၏ ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့သည်။
"ဒါမျိုးက ... ကျွန်တော်တို့ရဲ့ လက်ရှိနည်းပညာနဲ့ တကယ်မလုပ်နိုင်ပါဘူး မစ္စတာဟဲ့ " ဟု တာဝန်ရှိပုဂ္ဂိုလ်က သတိကြီးစွာဖြင့် ပြောလိုက်သည်။ " ကျွန်တော်တို့က ခန္ဓာကိုယ်ထဲမှာ အာရုံခံကိရိယာတွေ ထည့်သုံးပေးတဲ့ နည်းပညာပဲရှိတယ်၊ စနစ်တစ်ခုလုံး အာရုံခံစားနိုင်မယ့် နည်းပညာက စစ်တပ်ရဲ့နည်းပညာပဲ. . . ဒါပေမယ့် လိုဂန်ဌာနချုပ်မှာလည်း ဒီစွမ်းရည်မျိုး ရှိကောင်းရှိနိုင်ပါတယ် ... "
လိုဂန်ဌာနချုပ်ရှိ ဓာတ်ခွဲခန်းကို သူ့အတွက်အလုပ်လုပ်ခိုင်းရန် သူ့အဖေကိုဘယ်လိုဖြတ်ကျော်ရမလဲကို ဟဲ့ကျီစဉ်းစားနေခဲ့သည်။
လိုဂန်သို့ သူအမြန်ဆုံးသွားရပေမည်။
ထိုအချိန်တွင် သူ၏ဆက်သွယ်ရေးစက် တုန်ခါလာပြီး ၎င်းသည်သူ့အဖေ ဟဲ့ယုံချန်းထံမှ တိုက်ရိုက်ခေါ်ဆိုမှုတစ်ခု ဖြစ်သည်။
ဟဲ့ကျီ ဆက်သွယ်ရေးစက်ကို ကောက်ယူလိုက်ပြီး ဗီဒီယိုခေါ်ဆိုမှုကို ပြန်ဖြေပေးလိုက်သည်။ ဟဲ့ကျီသည် ကင်မရာကို ပြတင်းပေါက်ဘက်သို့သာ လှည့်ထားလိုက်ကာ စကားပြောလိုက်၏။
" ဟဲ့ကျီ " ဟဲ့ယုံချန်းက သူ့ရုံးခန်းတွင် ထိုင်နေပြီး သူ့နောက်ကျောဘက်မှလည်း အလင်းရောင်များအပြည့်ဖြင့် စူးရှတောက်ပနေ၏။ " ငါကြားတာ မင်းချစ်သူရနေပြီဆို "
သူ့အမေ သူ့အဖေကိုပြောပြလိုက်သည်ကို ဟဲ့ကျီသိနေသောကြောင့် ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။ " ဟုတ်တယ်၊ ဒါပေမယ့် သူကရှက်တတ်တယ်၊ နောက်မှ သူ့ကို ကျွန်တော်ခေါ်လာပြီး အဖေတို့နဲ့တွေ့ပေးမယ် "
"မင်း သူ့နောက်ခံကိုရော စစ်ဆေးပြီးပြီလား " လက်ညှိုးကို စားပွဲပေါ်တွင် တတောက်တောက်ခေါက်နေရင်း ဟဲ့ယုံချန်းမေးလိုက်သည်။
"အဲ့ဒါကို အဖေအခုထိ မစစ်ရသေးဘူးလား" ဟဲ့ကျီသူ့ကို ပြုံးပြီးပြန်မေးလိုက်သည်။
ВЫ ЧИТАЕТЕ
Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)
Научная фантастика" Lowly Creature " Author- Not! Pikachu / Ka Bi Qiu 卡比丘 English Translator-Snow Project Translations Burmese Translator-littlewillow01 Start Date-22 August 2021 End Date- 7 September 2021 This is Myanmar Translation of Chinese novel " Lowly Creature...