Part X 🚨🚨

1.1K 62 0
                                    

စုံတွဲလေးတွေ ခိုးပြေးခဲ့ကြသည့် ဟိုတယ်က မဖွင့်ရသေး၍ တိတ်ဆိတ်နေသော်လည်း Jungkook ရောက်လာတာနဲ့ Facility အပြည့် ဝန်ထမ်းအလုံအလောက်က နေရာယူထားပီး တိတ်ဆိတ်မှုအပေါင်း ဖြိုခွင်းခံလိုက်ရပီ.....ကိုယ်စီအလုပ်ရှုပ်နေကြသော ဝန်ထမ်းတွေကလဲ သူ့နေရာနဲ့သူ စေ့စေ့စပ်စပ် လုပ်ကိုင်လျှက်ပင်....မဟုတ်ရင် သူဌေးလေးက ချက်ချင်းအလုပ်ဖြုတ်ပစ်မှာလေ.....အသစ်စက်စက် ဟိုတယ်ကြီးထဲမှာ စုံတွဲလေးတွဲရဲ့ မင်္ဂလာဦးမမည်သော အချစ်ခရီးလေး စတင်ခဲ့ကြတော့သည်.....

" Joon....အဲ့စာအုပ်ကြီးပဲ ထိုင်ဖတ်နေတော့မှာလား...ကိုယ့်ချစ်သူလေးကိုတောင် ဂရုမစိုက်တော့ဘူး...သူ့နောက်လိုက်ခဲ့တာ မှားပီလားမသိပါဘူး...."

" မ...မဟုတ်ပါဘူး Jinnie ရယ်...ကိုယ်စိတ်အရမ်းလှုပ်ရှားနေတော့ ကိုယ့်Jinnieလေး တစ်ခုခုထိခိုက်သွားမှာ စိုးလို့ပါ...."

" ဘာမှမလုပ်မှ ဒီနှလုံးသားလေး ထိခိုက်မှာ...."

ဒီလူသားလေး မျက်လုံးလေးမှေးပီး ချွဲနွဲ့လိုက်လျှင် လူကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့...ဒီလူသားလေး ရယ်လိုက်တဲ့ အသံကြားမိရင်လဲ လိုက်မရီပဲ ဘယ်လိုပင်တင်းထားတင်းထားမရ....ခုလဲ လက်မောင်းကြီးထဲ ခေါင်းတိုးဝင်ပီး ပြောလိုက်တဲ့စကားလေးက Namjoon ပါးချိုင့်ကြီး နစ်ဝင်သွားမိသည်အထိ အသဲတယားယားရှိလှသည်....

" ကိုယ်ဆိုးမိရင် စိတ်မဆိုးရဘူးနော် Jinnie....ကိုယ်က အရမ်းချစ်မိရင် မေဂျာကင်းလေး နာသွားမှာပေါ့....ကိုယ်အရမ်းချစ်ပေမယ့် လူဆိုးလေးဖြစ်သွားမှာစိုးလို့ ထိန်းသိမ်းနေတာပါ Jinnie ရယ်...."

" ကိုယ်က အဲ့လူဆိုးလေးကိုပဲ ချစ်တယ်ဆိုရင်ရော...."

" arrr.....မရတော့ဘူး....အရမ်းတွေချစ်ချင်သွားပီ...."

" ချစ်ချင်သလောက်ချစ်....ကိုယ်ကလဲ အရမ်းချစ်ကြောင်း သက်သေပြမယ်လေ...."

" yarr...Jinnie.....ချစ်ဖို့ကောင်းလိုက်တာကွာ...."

ပါးချိုင့်နက်နက်ကြီးကို ဖိကပ်နမ်းလာသော နှုတ်ခမ်းစူစူလေးကို ဆွဲယူနမ်းရှိုက်လိုက်ပီး အချစ်သက်သေထူကြဖို့ Namjoon စတင်လှုပ်ရှားလိုက်သည်....အချစ်တွေ တရစ်ပီးတစ်ရစ် ချည်နှောင်လိုက်တော့ ပိုတိုးဖက်လာသော ကိုယ်ငယ်လေးက နုနုအိအိကျစ်ကျစ်လျစ်လျစ်လေး....ချောမွတ်မွတ် အသားအရေလေးမှာလဲ Namjoon အချစ်ကြမ်းမှုကြောင့် ရဲတွတ်နေပီ....

ဒို့နှစ်ယောက်ရဲ့အိမ်ကလေးWhere stories live. Discover now