" အားး...ချောလိုက်တာ "
" ဟဲ့...ဘာဖြစ်တာတုန်းလန့်တာ "
" အေးလေ...တခြားဝိုင်းတွေတောင် လှမ်းကြည့်ကုန်ပြီ...မိလေပြေ ဘာအရူးထပြန်တာတုန်း "
ဖိုးကောက်တို့အဖွဲ့ canteen မှာထိုင်ပြီး ဖုန်းသုံးနေခိုက် လေပြေကျော်က ရုတ်တရက်ထအော်လိုက်တာကြောင့် သူတို့ခြောက်ယောက်လုံးလန့်သွားကြကာ ငွေရည်ဝင်းနှင့် နှင်းရတီက လေပြေကျော့်အား တစ်ယောက်တစ်ခွန်းဆူလိုက်ကြပါ၏။
ထိုအခါမှသာ လေပြေကျော်က ဘေးဝိုင်းတွေကို ရှက်ရှက်ဖြင့် တစ်လှည့်စီလိုက်ပြုံးပြကာ သက်ပြင်းချလိုက်ပြီး သူ့တို့အားပြောလာပါ၏။
" အစ်ကိုဆည်းရဲ့ ချောမောမှုက ငါ့ကိုသတိလက်လွတ်ဖြစ်စေတဲ့အထိပါလား "
" စလာပြန်ပြီ...မိလေပြေက "
ဓာတ်တော်ချိုင့်ကပြန်လာပြီးကတည်းကတည်းက လေပြေကျော်တစ်ယောက် နေဝင်ဆည်းဆာရောဂါ စွဲကပ်နေပါ၏။ ပြီးတော့ဘာမှလည်းမဟုတ်။ နောက်ထပ်ချောသည့်လူတစ်ယောက်တွေ့တာနှင့် ရှေ့လူကို မေ့သွားပြန်ရော။ လေပြေကျော့်မှာ crush တွေကလည်းအများသား။
" ငါတကယ်ပြောနေတာ အဲ့နေ့က အစ်ကိုဆည်းရဲ့ tattoo အပြည့်နဲ့ body ကိုငါခုချိန်ထိခေါင်းထဲက ထုတ်မရဘူး...ဆံပင်ကပါရေတွေစိုနေတော့ တကယ့်ကို sexy ပဲ...ငါ့ကောင်လေးသာဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲ "
" တော်စမ်းပါမိလေပြေရယ်...နင် အစ်ကိုလွှမ်းကို စစတွေ့ချင်းတုန်းကလည်း gentleman style မို့ကြွေလှပါချေရဲ့ဆို... ပြီးတော့ သိပ်မကြာဘူး ကျောင်းက final king ကို ပြောင်းကြိုက်ပြန်ရော...ခုလည်းအစ်ကိုဆည်းကိုတွေ့တော့လည်း ကြွေပြန်ပြီ... crush အများဆုံးပြိုင်ပွဲလုပ်ရင် နင်ပထမချိတ်လောက်တယ် "
ငွေရည်ဝင်း၏ပြောစကားအဆုံးမှာ တစ်ဝိုင်းလုံး လေပြေအားဝိုင်းရယ်လိုက်ကြပါ၏။
" နင်တို့ကလည်းဟယ် ငါ့ဆိုဖဲ့ဖို့ချည်းပဲ... ဒါနဲ့လေ...ငါအစ်ကိုဆည်းပုံကို ကြည့်ရင်းနဲ့ ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲ...ဘယ်မှာမြင်ဖူးမှန်းမသိဘူး "
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "