🐯Unicode🐯
"အိမ်ပြန်ရောက်ရင် ညစာမစားပဲ မနေနဲ့ ဝိတ်တက်မှာစိုးတယ်ဆိုပြီး ညစာကျမစားဘဲ ခေါက်ဆွဲခြောက်တွေကျ ပြုတ်စားတယ် ဘာမှမထူးဘူး ရောဂါရတာပဲအဖတ်တင်တယ် ညစာကိုသေချာစားကြားလား"
"........"
"မနက်ကျ ထပြေးဦးမလို့လား ခုလဲတော်တော်ပိန်နေပါပြီ အ့တာမှမရသေးဘူးဆိုရင်လဲ အ့ကြော်ငြာကိုရိုက်မနေနဲ့ ငြင်းပလိုက် ဂဂျီဂဂျောင်များလိုက်တာ ရေမွှေးလေးတစ်ပုလင်းကြော်ငြာချင်တာများ ဘယ်လိုလုပ်ပါညာလိုလုပ်ပါနဲ့ ခုလဲမျက်နှာကအတော်ချောင်ကျနေပြီကို"
"........"
"Win ဖုန်းပိတ်ကွာ ကိုယ်စကားပြောနေတဲ့ဟာကို"
"အင်း"
ကျွတ်စ်!
ကိုယ်မကြိုက်တာ အ့တာတွေကွာ..
စကားပြောနေရင် ဘယ်တော့မှသေချာနားမထောင်ဘူး။တစ်ခုမဟုတ် တစ်ခုကို စိတ်ရောက်နေတာပဲ။"ခုပိတ်လို့ပြောနေတာ မပိတ်သေးဘူးလား!!!!"
ပြောနေရင်း စိတ်မရှည်လာတာနဲ့ Win လက်ထဲကဖုန်းကို ဆွဲယူပြီး ကားနောက်ခန်းကကူရှင်ပေါ်ကို လှမ်းပစ်လိုက်သည်။
"ဟာ...ဖိဘိုက်...ပြန်ပေး...ဟာ...ကျွတ်စ်! ဖိဘိုက်ကလဲ ရှုံးပြီဗျာ ဂိမ်းကပြီးတော့မှာကို"
ဖုန်းရွေ့သွားရာ နေရာနောက်ကို တောက်လျှောက်လိုက်ဆွဲရင်း နောက်ဘက်ကူရှင်ပေါ်ပစ်တင်လိုက်တဲ့ဖုန်းကို အီးအဲနဲ့ မရမက ကားထဲမှာ နောက်လှည့်ပြီး ကြိုးစားယူနေသေးသည်။
လက်ထဲပြန်ရောက်လာတဲ့ ဖုန်းလေးကိုကပျာကယာဖွင့်ကြည့်ပြီးတဲ့နောက် ငြူစူတဲ့အသံလေးနဲ့အလိုမကျတဲ့ရုပ်ကလေးက ထွက်ပေါ်လာသည်။
"မင်း နောက်တစ်ခါကိုယ်နဲ့တွေ့ရင် အ့ဂိမ်းကိုဆော့ရဲဆော့ကြည့်! ဆော့တဲ့သူရော ဆော့နေတဲ့ဖုန်းရော အရိုးတခြားအသားတခြားဖြစ်အောင် ရိုက်သတ်မိလိမ့်မယ်!"
ယုန်မျက်စောင်းက ဒိုင်းကနဲ Bright ဆီကျရောက်လာသည်။Bright ရဲ့အကြည့်စူးစူးနဲ့တိုးတော့ နှုတ်ခမ်းတစ်ဖက်အသာတွန့်လိုက်ပြီး ကားရှေ့ပြန်လှည့်သွားသည်။
ŞİMDİ OKUDUĞUN
သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed