~It's okay if you realiz your feelings later. My love for you doesn't change. I loved you first so I'll wait. The longer I wait the Deeper my love will be~
ရည်မွန်ဒီနေရာကိုမရောက်ဖြစ်ခဲ့တာတောင် နှစ်ပေါင်းကြာလှပြီဖြစ်လို့ တံခါးခေါက်ဖို့တောင် လက်တွန့်နေမိတာ တော်တော်တော့ ရယ်စရာကောင်းလှသည်။ ဒီနေရာလေးမှာရှိတဲ့အမှတ်တရတွေက များလွန်းတော့ ပြန်ပုံမဖော်ဘဲနဲ့တောင် အတွေးထဲမှာ သစ်လွင်စွာစွဲကျန်ရှိတုန်းပဲ။
"ကိုယ်မျှော်နေတာ"
"....."
တံခါးလာဖွင့်ပေးတဲ့ချေမိုးကတော့ အိမ်နေရင်းအဝတ်အစားနဲ့ကိုတောင် ကြည့်ကောင်းတုန်းပဲ။ ငါးနှစ်တာကာလဆိုတာ တစ်ကယ်တော့ တိုတိုလေးပါပဲ။ ဘာလိုလိုနဲ့ နှစ်ဆယ့်ငါးနှစ်အရွယ်တောင်ရောက်လာပြီ။ တစ်ခုခုကိုပြန်လည်စတင်ဖို့ အကောင်းဆုံးအရွယ်မှာရှိတုန်းပဲမို့ ကြိုးစားရင်ဘာမဆိုဖြစ်နိုင်ပါသည်။
"မင်းငါ့ကိုခေါ်တာ ဘာပြမလို့လဲ"
အခန်းထဲမှာရှိတဲ့အရာတွေဟာ အရင်အတိုင်းမပြောင်းမလဲရှိနေပေမယ့် ဧည့်ခန်းတစ်နေရာမှာရှိတဲ့ပီယာနိုကတော့ သူ့ကိုအထူးအလည်ကြိုဆိုနေသည်။
"ကိုယ်မင်းကိုအရင်တုန်းက ကတိတစ်ခုထားထားတာရှိတယ်။ အခုတော့ ကတိတည်ဖို့ကိုယ်လုပ်မယ်"
"ဘာကတိလဲ"
"မင်းလေးကို ပီယာနိုတီးတာ သင်ပေးချင်ခဲ့တယ်။ ကိုယ်တစ်ခါမေးခဲ့ဖူးတာကိုမှတ်မိသေးလား"
"အင်း"
"အဲဒီတုန်းကတည်းက ကိုယ်ရည်ရွယ်ခဲ့ပေမယ့် အခွင့်မသာခဲ့ဘူး"
"ငါမလိုတော့ဘူးချေမိုး။ အရင်တုန်းကဆိုရင်တော့ ငါသင်ချင်ခဲ့လိမ့်မယ်။ အခုတော့မဟုတ်ဘူး"
"ကိုယ့်ကိုအခွင့်အရေးပေးမယ်ဆို..."
"ငါ့ကိုခေါ်တာ ဒီဟာတစ်ခုထဲကြောင့်ပဲဆို ငါပြန်တော့မယ်"
"မဟုတ်ဘူး။ မင်းလေးလက်ခံမှာမဟုတ်ဘူးဆိုတာ ကိုယ်သိနေခဲ့တယ်။ အဲဒါကြောင့် ကိုယ်ဒီပီယာနိုလေးနဲ့ မင်းလေးကိုသီချင်းတစ်ပုဒ်လက်ဆောင်ပေးချင်တယ်။ ကိုယ့်ကိုခွင့်ပြုမယ်မဟုတ်လား"
KAMU SEDANG MEMBACA
Rain💛Moon (Completed)
Romansa"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...