🔥17🔥

3.6K 361 11
                                    

ဒီနေ့နဲ့ဆို တစ်ပတ်ရှိပြီ။
တစ်ပတ်လုံးလုံးဒီအခန်းထဲမှာပဲပိတ်မိနေရကာ ပျင်းလာရင် ဝရံတာလေးရှေ့ထွက် မတ်တပ်ရပ်ရုံ။ မနက်ကနေညအထိ ခရမ်းရောင်မီးမှိန်မှိန်အောက်ပဲအသက်ရှုနေရတာ ကြာရင်သေလိမ့်မည်။

Jeon Jungkook လည်းဘာတွေအလုပ်ရှုပ်မှန်းမသိရှုပ်နေကာ စကားလဲသိပ်မပြောဖြစ်။
ပြောဖြစ်တိုင်းလဲရန်ဖြစ်ရသည်။
ဟိုနေ့ကလဲ လူရောကားပါစုတ်ပြတ်ပြီးပြန်လာသည်။ မေးလဲမမေးချင်သည်မို့လျစ်လျူရှူထားလိုက်သည်။

လူကြီးကဆိုးလ်ကိုရောက်နေတာမို့ သူလဲပြင်ဆင်စရာရှိသည်များပြင်ဆင်နေပုံရသည်။
ဘာပဲပြောပြောဒီနေ့တော့ အခန်းအပြင်ထွက်ခွင့်ရအောင်လုပ်ရမည်။

မွန်းကျပ်နေပြီလေ။

ကိုယ့်အတွေးနှင့်ကိုယ်ဟုတ်နေရင်း ကုတင်ပေါ်မှထလိုက်တော့ ‌ကုတင်ခေါင်းရင်းကကိုယ့်ရုပ်ပုံလွှာကမျက်လုံးထဲတန်းဝင်လာသည်။
Jeon Jungkook ကဘာပဲပြောပြော ဓာတ်ပုံရိုက်တာတော့တော်သည်ဟုပြောရမည်။

ပန်းချီဆွဲခြင်းမှာပျော်ဝင်နေသော Jimin သည် သက်မဲ့ပုံလေးတစ်ပုံဖြစ်နေသည့်တိုင် အသက်ဝင်လွန်းလှသည်။

ဝရံတာ‌လေးရဲ့ထောင့်နှစ်ဖက်မှာစိုက်ထားတဲ့ Lily ပန်းဝါဝါတို့အား လက်လေးဖြင့်ဖွဖွထိတွေ့လိုက်သည်။

"ဒီလောက်အေးနေတာကို အကျီအပါးလေးနဲ့အပြင်ထွက်နေတယ်ဟုတ်လား"

ကျောဘက်ဆီမှ Jeon Jungkook အသံအားကြားလိုက်ရပေမဲ့ ဂရုစိုက်မနေမိ။
ပန်းဝါဝါလေးများ၏ပွင့်ချပ်လေးများကိုပင် အာရုံစူးစိုက်ထားလိုက်သည်။

ပြောသမျှအားအရေးမလုပ်သူအားထပ်မပြောတော့ပဲ ဗီရိုထဲမှ ကုတ်အကျီနီညိုရောင်လေးအားဆွဲထုတ်လိုက်ကာ အကြော‌တင်းလေးထံ လျှောက်သွားလိုက်သည်။ သူဝယ်ပေးထားသည့်အထဲမှယူဝတ်ထားသော ဆွယ်တာအဝါပါးပါးလေးနှင့်နတ်သား‌လေးသည်ထိတွေ့နေသော Lily ပန်းဝါဝါတို့နှင့် အလှချင်းပြိုင်နေလေသည်။

ယောက်ျားလေးဆိုပေမဲ့ Park Jimin ကချောမောသည်ထက် လှသည်ဟုသုံးနှုန်းရမည်သာ။

I hate you, I love you [Complete]Where stories live. Discover now