Chapter (13)
Warning!NSFW!!
အခြေဆိုက်စခန်းသို့ ပြန်ရောက်လာကတည်းက ရှန်ကျိယွီသည် မူးယစ်ဆေးဝါးများအသုံးပြုကာ အိပ်ပျော်နေခဲ့ရသည်။ ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုကြောင့် ကလယ်ရီမရှိမှသာလျှင် ကြာရှည်စွာအိပ်စက်နိုင်သည်။
ယနေ့မနက် ၅ နာရီတွင် သူနာရီဝက်လောက်အိပ်ပျော်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ ဇီဝစွမ်းအင်လက်ခံစက်သည် အမည်မသိနေရာတစ်ခုမှ မက်ဆေ့ခ်ျတစ်ခု ရုတ်တရက်ရလာခဲ့၏။
"နိုးထခြင်းဖြစ်စဥ် "
ရှန်ကျိယွီ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ အချိန်ကိုစစ်ကြည့်လိုက်စဥ် ဤစာကို လွန်ခဲ့သောနှစ်လကျော်က ပို့ခဲ့ခြင်းဖြစ်ကာ ၎င်းသည်အဆင့်ဆင့်သတ်မှတ်ထားသော အလွှာများမှအပြင် အခြေစိုက်စခန်း၏ အကာအကွယ်များကြောင့် ယခုမှသာ ရှန်ကျိယွီရရှိခဲ့ခြင်း ဖြစ်၏။
ရှန်ကျိယွီကို အခြေစိုက်စခန်းသို့ ပြန်ခေါ်လာသည့်အခိုက် ကလယ်ရီပြုလုပ်သော ပထမဆုံးအရာမှာ ရှန်ကျိယွီ၏ခန္ဓာကိုယ်အနှံ့ စစ်ဆေးရန်ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ရှန်ကျိယွီ၏ ဇီဝစွမ်းအင်လက်ခံစက်သည် လွန်ခဲ့သောဆယ်နှစ်ကျော်လောက်ကတည်းက သူ့လည်ပင်းနေရာတွင် မှောင်ခိုဈေးကွက်ရှိ နာမည်ကြီး ဇီဝဓာတုပညာရှင်တစ်ဦးက စိုက်ပေးခဲ့ခြင်းဖြစ်ပြီး သူမှလွဲ၍ အလွန်သေးငယ်သော ရှာဖွေစက်များသာ တွေ့ရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းမှ နောက်ပိုင်းရှန်ကျိယွီထွက်ပြေးခဲ့ပါက အရေးပေါ်အခြေအနေအဖြစ် သူ့ကျောပြင်၌ တစ်စုံတစ်ခုထည့်သွင်းထားရန် ကလယ်ရီကလုပ်ဆောင်ခဲ့သည်။
ရှန်ကျိယွီသာလျှင် ဤအချက်ပြ၏ အဓိပ္ပါယ်ကိုနားလည်သည်။ ၎င်းသည် TL8 ဂိမ်းအခန်းမှ ကျိမောင်ဂျီသည် သူ့ကိုယ်ပိုင်ဖန်လုံအိမ်မှ နိုးထခြင်းဖြစ်စဥ်ဖြစ်ကာ လမ်းလျှောက်ထွက်သွားခြင်းကို ကိုယ်စားပြုသည်။
ရှန်ကျီယွိသည် မျက်နှာကျက်ကို တည့်တည့်ကြည့်နေပြီး သူ့နှလုံးခုန်သံသည် အလွန်လျင်မြန်လာသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူအနည်းငယ်အသက်ရှူမဝသလို ခံစားရသဖြင့် သူထထိုင်လိုက်၏။ ရှန်ကျိယွီ၏ ကျောပြင်တစ်လျှောက် ချွေးစေးများဖြင့်ပြည့်နေကာ ယခုမှ အိပ်မက်ဆိုးတစ်ခု ပြီးသွားခဲ့ပုံပင်။
KAMU SEDANG MEMBACA
Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)
Fiksi Ilmiah" Lowly Creature " Author- Not! Pikachu / Ka Bi Qiu 卡比丘 English Translator-Snow Project Translations Burmese Translator-littlewillow01 Start Date-22 August 2021 End Date- 7 September 2021 This is Myanmar Translation of Chinese novel " Lowly Creature...