Part [ 8 ]

1.9K 228 44
                                    

ညနေခင်းနေဝင်ဆည်းဆာသည် တိမ်စိုင်တိမ်မည်းများကြောင့်မှောင်လုနီးနီး အတုန်းအရုန်းကြွေလွင့်လာနေကြသောသစ်ရွက်များသည်လည်းတဖြတ်ဖြတ် သစ်ပင်ကိုမှီ၍အတွေးတွေလွင့်ပျံ့နေသူသည်သည်းထန်မည့်မိုးကိုမျှော်နေ၏။ ဆေးရုံ၏ထောင့်ချိုးတစ်နေရာတွင်သူထိုင်နေသည်။ သူ့အတွေးတွေကိုလွတ်လပ်ခွင့်ပေးထားသည်။ ရွာလိုက်ပါမိုးရယ် သူ့အပေါ်အညှာအတာကင်းမဲ့စွာရွာသွန်းလိုက်ပါ။ သူ့၌မတည်မြဲသည့်အရာတွေကို ဘာလို့များပေးထားရက်တာလဲ။ တွေ့ဆုံကြုံကွဲဖြစ်မြဲဓမ္မတာကိုသူနားလည်သည် လက်ခံသည်။ သို့ပေမယ့် နည်းနည်းလေးပဲဖြစ်ဖြစ်တွေ့ဆုံခွင့်သည်ရှည်ကြာနိုင်ကောင်းရဲ့။ တဖွဲဖွဲမိုးကနေသူ့ခံစားချက်တွေကိုတဖြုတ်ဖြုတ်ကြွေဆင်းခွင့်ပေးပါ။ နာကျင်မှုတွေကိုဆေးကြောခွင့်ပေးပါ။ မိုးသည်ပြင်းထန်လာသည်။ အနယ်နယ်အရပ်ရပ်ကလေရူးများသက်ဆင်းလို့လာပြီ။ ထိုသူသည်ထိုင်နေဆဲ ငိုနေဆဲ

"ခင်ဗျားရူးနေလို့ မိုးရေထဲထိုင်နေတာလား"

မြေပြင်ပေါ်ပေါက်ပေါက်ကျဆင်းနေသည့်မိုးရေစက်တွေကြားက ခြေတစ်စုံ။ ခပ်စူးစူးအသံသည်ကျယ်လောင်သည်မို့ တဝေါဝေါညာသံပေးနေသည့်မိုးလေကြားကပင်ကြားရသည်။ သေချာသည် ဒီအသံသည် jungkook ဖြစ်သည်။

"Jungkook"

ဆက်ခနဲမော်ကြည့်လာသည့်နီရဲရဲမျက်ဝန်းတို့တွင် မိုးသီးမိုးပေါက်တို့နှင့်အတူမျက်ရည်များလည်းရောပြွမ်းနေ၏။ စိတ်ရှိတိုင်းသာဆိုအပြစ်တွေဆိုနေမိမှာပေမယ့် သူ့စိတ်ကထိုလူ့မျက်ရည်တွေကိုမျက်နှာလွဲခဲပြစ်လုပ်၍မရ။ ကျွန်တော့ကိုလွှမ်းမိုးနိုင်အောင် ဘယ်အရာကစွမ်းဆောင်ခဲ့သလဲ Kim seokjin။

"ဘာလုပ်နေတာလဲ မိုးရေထဲထိုင်နေလို့ခင်ဗျားရဲ့အစွန်းအထင်းတွေက ပျောက်ကွယ်မသွားဘူးနော်"

ဆိုပြန်ပါပြီ သည်စကား။ ဟုတ်ပါတယ် သူ့အစွန်းအထင်းတွေသည်ပျောက်ကွယ်မသွားနိုင်။ လူတိုင်းသည် အစွန်းအထင်းဖြစ်လာသူကိုမြင်၏။ ဘာကြောင့်ဖြစ်သည် ဘယ်သူ့ကြောင့်ဖြစ်သည်ဆိုတာမမေးမြန်းတတ်ခြင်းသည်လူ့သဘာဝ။ အသားကျနေပြီးဖြစ်သည့်ခံစားချက်တွေအတွက် သူထူးပြီးမနာကျင်တော့ပါ။ jungkook ရှေ့၌ seokjin တည့်တည်မတ်မတ်ရပ်လာသည်။

Steady Principle { Completed }Where stories live. Discover now