၂၀၂၁ ခုနှစ်, အောက်တိုဘာလ
ဂျိမ်းး!⚡⚡🌧🌧
လေးဘက်လေးရံ အလုံပိတ်ထားသောအခန်းငယ်တစ်ခု။
မှိန်ဝါဝါမီးရောင်အောက်က..ချောင်လေးတစ်ခုမှာကုတ်ကုတ်လေးဒူးနှစ်ဖက်ထောင်ကာထိုင်နေသူကောင်လေးတစ်ယောက်ရှိသည်။ နားနှစ်ဖက်ကို လက်တွေဖြင့်အုပ်ထားသည့်အနေထားက..အပြင်မှမိုးချိန်းသံတွေသူမကြားချင်လို့ပဲဖစ်လိမ့်မည်။ ပါးစပ်မှလည်း သူတစ်ခုခုကိုရေရွတ်နေခဲ့တယ်..." ကျွန်တော့်ရဲ့ အိမ်လေးကိုပြန်ပို့ပေးကြပါ " ဆိုသော တိုးဖျတဲ့စကားသံလေးသည် ထပ်ခါတလဲလဲ ဆိုသလို..သူရေရွတ်နေခဲ့သည်။..
တခါတလေ တယောက်ထဲစကားတွေပြောတက်တယ်, တခါတလေတော့တယောက်ထဲရယ်နေပြန်ရော, သူ့ရဲ့အပြုအမူက တယောက်ယောက်နဲ့စကားတွေအပြန်အလှန် ပြောနေသလိုမျိုးပေါ့, မိုးတွေရွာနေတဲ့အချိန်ဆို ခုလိုလေး ချောင် မှာတယောက်ထဲကုတ်ကုတ်လေးနေတက်တယ်။လွန်ခဲ့သော ၁လခန့်ကမှ စိတ္တဇဆေးရုံတွင်ရှိသော ထိုနေရာလေးသို့
ထိုကောင်လေးရောက်လာခဲ့ခြင်းဖြစ်သည်။
သူ့ရဲ့နာမည်က မောင်သက်ဝေတဲ့။ မရှိတဲ့အရာတွေကို စွဲလမ်းနေတက်တဲ့သူ့ရဲ့စိတ်ကြောင့်သူများတွေအရူးလို့ပြောလာသည်တိုင် တစ်စုံတစ်ယောက်ကိုသာ စွဲလမ်းရင်းသူထိုနေရာကိုရောက်လာခဲ့တာ..
သက်ဝေရဲ့ဘဝလေးကဒီနေရာကိုမရောက်လာခင် လွန်ခဲ့တဲ့၄ လလောက်ကထိအေးအေးချမ်းချမ်း နဲ့ဘဝလေးကို ဖြတ်သန်းနေသူဖြစ်သည်။ အသက်မွေးဝမ်းကျောင်းအတွက်.. သူ့ရဲ့အိမ်မှာပဲစာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။ နှစ်ထပ်တိုက်လေးမို့ အောက်ထပ်မှာစာအုပ်ဆိုင်ဖွင့်၍ အပေါ်ထပ်ကတော့သူ့ရဲ့ကိုယ်ပိုင်အခန်းလေးဖြစ်ခဲ့၏။ မြန်မာဆန်တဲ့သက်ဝေသည် စာအုပ်တွေကိုသိပ်မြတ်နိုးသလို..ပန်းတွေကိုလည်းချစ်မြတ်နိုးတက်၏။ အဝင်လမ်းလေးတစ်လျှောက် သူကိုယ်တိုင်စိုက်ပျိုးခဲ့သော နှင်းဆီအဝါတွေနဲ့ စံပယ်ပင်လေးတွေကတော့ လှိုင်လှိုင်ပွင့်လို့။ အမြဲတမ်းအေးအေးချမ်းချမ်းနေတက်တဲ့.. သက်ဝေ ဘဝထဲသို့..အချစ်ဆိုတဲ့အရာတစ်ခုက မထင်မှတ်ပဲရောက်လာခဲ့တဲ့ အဲ့ဒီနေ့က..
YOU ARE READING
🥀 ညီ တကယ်ရှိတယ် 🥀
Short StoryPsycho bl Short Story ~~~ ခြောက်ပုဒ်မြောက်ရေးသားခြင်း။ အစ်ကိုဆေးတွေမသောက်ချင်တော့ဘူးညီရယ်.. ညီတကယ်ရှိတာသူတို့မယုံကြဘူး..အစ်ကိုမရူးပါဘူးကွာ..အစ်ကို့ကိုဒီနေရာကနေ ကိုယ်တို့ရဲ့အိမ်လေးဆီခေါ်သွားပါနော်..ကိုယ်ဒီမှာဆက်မနေနိုင်တော့လို့ပါ... ခြောက်ပုဒ်မြောက်ေ...