Episode (9)

294 16 1
                                    

Uni#

         ''နောက်ဆုံးတော့ ရောက်လာခဲ့ပြီ!!''

လက်နှစ်ဖက်ကို မြှောက်တန်းကာ ပြုံးစွာပျော်နေပေမဲ့ အနောက်တွင် luggage နှစ်လုံးက တစ်ဖက် ၊ အိတ်တွေပါ ပါသေးသည်။ luggageနှစ်လုံးက တစ်ယောက်တစ်လုံးဆို အထင််မှားသွားမည်။ မင်းစက်အဝတ်အစားက နှစ်ထည်သုံးထည်၊ ကျန်တာ အကုန် ဟိန်းဇေအင်္ကျီအဝတ်အစားတွေပင်။ ဟိုရောက်မှဝယ်ပေးမယ်ဆိုတာတောင် မရ ကိုယ်တော်လေးက လိုအပ်တာပဲ ဆိုကာ သူ့အကြိုက်တွေချည်းထည့်သည်။ အလည်လာတာလား တစ်ခါတည်း အိမ်ပြောင်းလာတာလားမသိ။

         ''လာလေ ဘာလုပ်နေတာလဲ။ ဗလကြီးကိုမှ အားမနာ အဘိုးကြီးလိုလုပ်နေတယ်။ မြန်မြန်သယ်လာ....။'' သူကြ တစ်ခုမှမသယ်ပဲ သယ်ရတဲ့သူတောင် လာအော်ငေါက်။ မသိရင် သူဌေးနောက်လိုက်လေးကြလို့။ ဒါပေမဲ့လဲ တော်ပါ​​းေတယ် ရုပ်ခံလေးရှိနေလို့😇။

         ''နေပါအုံး။ ဘယ်သွားရမယ်ဆိုတာ သိလို့လား...''

       ''ဟမ်း....မသိဘူးလေ...''

      ''ဒါဆို အခုဘယ်သွားနေတာလဲ....''

     ''မသိဘူးလေ။ ဒီအတိုင်းလျှောက်ကောင်းလို့လျှောက်နေတာ...'' ထို့သို့ပြောပီးသည်နှင့် ခေါင်းပေါ်သို့ကျရောက်လာသော အင်အားဖွဖွလေးဖြင့် လက်ဝါးလေးတစ်ခု။

        ''အင့်...''

       ''အာ့တာများ သိသလိုလိုနဲ့ အရှေ့ကနေ catwalkလျှောက်နေတယ်ပေါ့။ ''

      ''အာ့တာဆိုလဲ ခင်ဗျား ကျုပ်ထက် ကျော်အောင်လျှောက်ပါလား။ လူကို လာပီး အပြစ်လာပြောနေတယ်...''

      ''ဒါဆိုလဲ ငါ့နောက်လိုက်....'' ပြုံးစိစိဖြင့် အရှေ့က ေမြှာက်ကြွမြှောက်ကြွဖြင့် သွားနေကိုက ဖင်ကို ပိတ်ကန်ချင်စရာ။ အမြင်ကပ်သည်။

    Airportမှ ထွက်လာတော့ အနက်ရောင်ကားသုံးစီးနှင့်အတူတူ မင်းစက်လို bodyတောင့်တောင့်နှင့် suitအပြည့်ဝတ်ထားသော လူတွေအထဲမှ တစ်ယောက်က လာကြိုသည်။

     ''Boss jhon!! ''

    ''Ayy yo!! Jasper...... ဘယ်လိုလဲ အခြေအနေ''

   ''အဆင်ပြေပါတယ် ဆရာ ။ ဒါပေမဲ့ ဆရာမရှိတော့ ဆရာ့အဖေက တအားနားပူတာပဲ...'' ခေါင်းလေးကုတ်ကာ စိတ်ရှုပ်နေတဲ့ပုံစံဖော်ပြတော့ မင်းစက် ရီမိသည်။

The love on you💜Where stories live. Discover now