ပန်းပွင့်လေးရဲ့ရာဇဝင်
Chapter 1🌸
တစ်နေ့နေ့ကျရင် ကမ္ဘာကြီးကပြောင်းလဲလာပြီးတော့ ငါဘယ်သူ့ကိုပဲချစ်ချစ်အပယ်ခံမဖြစ်တော့မဲ့ဘဝမျိုးလိုချင်တယ် !!!
~~~~~~~~~~~~~~~~~~~~~~~~~~~
"မင်းသားလေး မင်းသားလေး! ... နန်းတော်ထဲမှာဒီလိုလျှောက်ပြေးမနေသင့်ပါဘူး။ မင်းကြီးသိရင်အမျက်တော်ရှပါလိမ့်မယ်"
"မြန်မြန်လာစမ်းပါ အထိန်းတော်ကြီးရဲ့၊ မင်းကြီးအမျက်တော်မရှခင်ငါကိုယ်တော်စိတ်ဆိုးတာကအရင်ဖြစ်သွားမယ်နော်"
အထိန်းတော်ကြီးလည်းတားလို့မရသလို သူကိုယ်တိုင်ကလည်းအတားဆီးခံမဲ့ပုံမပေါ်ပါ။ အနောက်မှာလိုက်ပါလာတဲ့ရံရွှေတော် တသီတစ်စ်တန်းကြီးကလည်း မင်းသားလေးပြေးရာနောက် ကောက်ကောက်ပါအောင်ကိုအမှီလိုက်နေရတော့သည်။
မင်းသားလေးလိုပြေးတာမျိုးမဟုတ်ပေမဲ့ ပုံမှန်ထက်ခပ်သွက်သွက်လျှောက်ရသည်မို့ နန်းတွင်းအိန္ဒြေတော့ပျက်ပြားနေ၏။
သို့သော် အမှီမလိုက်ပါလာလျှင် စိတ်ကောက်တော်မူမဲ့မင်းသားလေးဂျီကြောင့် အသည်းအသန်လိုက်နေရလေခြင်း။
"ခမည်းတော်..!! "
"သားတော်ပါလား?? ခမည်းတော်တို့ရောက်ကြောင်းသိရလို့ ခရီးဦးကြိုပြုတာလားကွဲ့"
"ဒါပေါ့ ခမည်းတော်ရဲ့၊ ခရီးလမ်းဖြောင့်တန်းပါရဲ့လား ခမည်းတော်?"
ခမည်းတော်မင်းကြီးကမေးလို့သာဖြေနေတာ မင်းသားဂျီရဲ့အကြည့်တစ်စုံကတော့ စစ်သူကြီးဆီက လုံးဝမခွာ..၊
အရှင်မင်းကြီးရှေ့တော်ဖြစ်တာမို့ ဘုရင့်သားတော်ကိုစေ့စေ့မကြည့်ရဲတဲ့စစ်သူကြီးကင်မ်က ခေါင်းကိုငုံ့လျက်နဲ့ပဲအကြည့်တို့ကိုလွှဲရှောင်ထား၏။
"ခရီးပန်းလာသူတွေမို့ နေရာအသီးသီးအနားယူဖို့လိုပြီ၊ ငါကိုယ်တော်ခွင့်ပြုပေးတာမို့ ဒီနှစ်ရက်အတွင်း နန်းတွင်းနန်းပြင်လွတ်လပ်စွာဝင်ထွက်သွားလာနိုင်သည် စစ်သည်တို့ "
စစ်ပွဲအောင်လာတာမို့ အရှင်မင်းကြီးစိတ်ရွှင်နေပုံရ၏။
မင်းကြီးထက်စိတ်ရွှင်နေသူကတော့ သားတော်မင်းသားလေးပေါ့..
YOU ARE READING
ပန်းပွင့်လေးရဲ့ရာဇဝင် (Z+U) ~ ( Completed )