18

600 54 5
                                    

မမMina ပြောတဲ့ တနင်္ဂနွေနေ့ဟာ ရောက်ရှိလို့လာပါပြီ။

မနက်စောစောထကာ ခါတိုင်းလိုပဲ T shirtအဖြူရောင်လက်တိုနဲ့ ဂျင်းဘောင်းဘီရှည်ကိုဝတ်ကာ ကျော်လယ်လောက်ရှိတဲ့ ဆံပင်တွေကို ခပ်မြင့်မြင့်စည်းလိုက်သည်။ထို့နောက် ကိုင်နေကျ လက်ကိုင်အိတ်လေးကိုယူကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။

~

"သမီး ဒီနေ့ ဂျောင်ကု အလုပ်နားရက်မလား ဘယ်သွားမလို့လဲ"

အောက်ဆင်းလာတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်နေတဲ့ ဖေဖေက သတင်းစာဖတ်ရင်း ဆိုလာသည်။

"အော်...ကုမ္ပဏီက အမတစ်ယောက်နဲ့ ချိန်းထားလို့ပါ ဖေကြီး"

"မသိပါဘူး ပိတ်ရက်တောင် သွားရှုပ်ဦးမလို့လားလို့"

ဖေဖေတို့ကတော့ ဂျွန့်ကိုဆို အမြဲလိုက်ရှုပ်နေတတ်တဲ့ အရှုပ်ထုပ်များမှတ်နေလားမသိ။

"မနက်စာ စားသွားဦးလေ"

"တော်ပြီ ဖေကြီး ဟိုမမနဲ့မှပဲ စားတော့မယ် ပြီးတော့ အဲ့မမနဲ့ပဲ သမီးတစ်နေကုန်ရှိမှာမလို့ ညနေမှ ပြန်လာမယ်နော်"

"နောက်မကျစေနဲ့နော်"

"nae"

ဂျွန် Taxiငှားကာ မမMinaဆီသို့ ထွက်လာခဲ့တော့သည်။

~~~

ဒီနေ့ ရာသီဥတုကတော့ တော်တော်သာယာသည်။ခါတိုင်းလို ကားပေါ်ရောက်တာနဲ့ သီချင်းနားမထောင်တော့ပဲ ကားမှန်လေးချကာ လေအေးအေးလေးကိုရှုကာ အပြင်ဘက်ကိုပဲကြည့်နေမိသည်။

ခနကြာတော့ ရောက်ပါပြီ။ချိန်းထားတဲ့နေရာရောက်တော့ မမMinaကိုသိပ်မရှာလိုက်ရပါဘူး။

"မမMina"

ဂျွန်လှမ်းခေါ်တော့ ရပ်နေရာမှ ဂျွန့်ဘက်သို့ လှည့်ကြည့်လာသည်။

"ရောက်လာပြီလား ညီမလေး ဘာမှမစားရသေးဘူးမလား"

"nae မမ"

"လာ မနက်စာ အရင်သွားစားတာပေါ့"

ထို့နောက် ဂျွန်နဲ့ မမMinaမနက်စာ သွားစားဖို့ coffeeဆိုင် တစ်ဆိုင်သို့သာသွားတော့သည်။

Ko Ko Jung (ကိိုကိုဂျောင်)  ||Completed||Onde histórias criam vida. Descubra agora