"ယောက်ဖတော်မင်းကြီးကိုအရိုအသေပေးပါတယ်"
စာကြည့်ဆောင်ထဲဝင်လာသော တောင်ပိုင်ရှင်ကို ထိပ်ပျံချီကဆီးကြိုကာအရိုအသေပေးသည်။
တောင်ပိုင်ရှင်တစ်ချက်မျှငဲ့ကြည့်ပြီးခေါင်းရင်းရှိ ကတ္တီပါခင်းထားသော ရွှေညောင်စောင်းပေါ်ဝင်ထိုင်လိုက်သည်။"ယောက်ဖတော်က ကိုယ်တော့်ကို ပြောစရာများရှိသလား"
"မှန်ပါ့ ပြောစရာဆိုတာထက် အရှင်မင်းကြီးကြုံခဲ့တဲ့ ဓားပြမှုကိုကျွန်တော်မျိုးကတာဝန်ယူထားတော့ သေချာတိကျအောင် မေးမြန်းစရာလေးတွေရှိလို့ပ"
"ဟုတ်လား"
တောင်ပိုင်ရှင်သည် ပျံချီကိုမျက်နှာကိုအကဲခတ်ရင်း တော်တော်လည်းပီရိသေသပ်သူဟုစိတ်ထဲကကောက်ချက်ချမိသည်။အင်မတန်မှဟန်ဆောင်ကောင်းနေသလား ယောက်ဖတော်ကြီး။
"အရှင်မင်းကြီးသာ ပြောကြားပေးမယ်ဆိုရင် ကျွန်တော်မျိုးစုံစမ်းထောက်လှမ်းတဲ့အခါ ပိုအဆင်ပြေမှာမို့လို့ပါ"
"ကောင်းပြီ...အမတ်ကြီးကဘာသိချင်သလဲ"
ထိပ်ပျံချီစိတ်ထဲ ဟက်ခနဲရယ်ချင်သွားသည်။တောင်ပိုင်ရှင်က မိမိအားယောက်ဖတော်ဆိုတာထက် အမတ်ကြီးဟုပြန်သုံးသွားသည်။ဆိုလိုသည်ကား မိမိသည်သူ့လက်အောက်ငယ်သားမှန်းသိစေချင်သည့်သဘော။
"ဓားပြမှုဖြစ်စဥ်အစအဆုံးနဲ့ အရှင်မင်းကြီးသတိပြုမိတဲ့ အမှတ်အသား၊အဖွဲ့အစည်းတံဆိပ်ပဲဖြစ်ဖြစ် သိရင်ပြောပြပေးပါ ဖရာ့"
သို့နှင့်တောင်ပိုင်ရှင်လည်း ဖြစ်ဥ်အစအဆုံးကိုပြောပြရင်းနှင့် ပျံချီမျက်နှာအမူအရာတို့ကိုမလွတ်တမ်းအကဲခတ်ပေရာ ထိပ်ပျံချီသည်အလိုအပိုမရှိသော မျက်နှာရိပ်တို့သာရှိနေသောကြောင့် တောင်ပိုင်ရှင်သတိကြီးကြီးထားနေရသည်။တယ်လည်း သရုပ်ဆောင်ပိုင်တဲ့ ပျံချီပါလား။
"တြိဂံပုံစံအစက်သုံးခုက ကျဆုံးခဲ့တဲ့ဓားပြတွေတိုင်းမှာရှိတာပါလား"
"ကိုယ်တော်ကြည့်ခဲ့သမျှကတော့ဟုတ်ပေတယ်"
"ဘုန်းတော်ကံတော်ကြီးပေလို့ပေါ့ အရှင်မင်းကြီး...နောက်အခါများ သက်တော်စောင့်များမပါဘဲ နန်းပြင်ထွက်တာဆင်ခြင်တော်မူပါ၊ရွှေနန်းရှင်ဆိုတာ အစစအရာရာအသေးစိတ်ဂရုစိုက်ပေမှ တော်ကာကျတာပါလား ဘုရား"
ESTÁS LEYENDO
ပြည့် ရတနာ(ျပည့္ ရတနာ)