ဓနောင်းမြို့တော်အတွင်း လူအများစုရုံးကာ နန်းတော်အရှေ့မင်္ဂလာတံခါးရှေ့တွင် လူပင်လယ်ကြီးသဖွယ်ဖြစ်နေ၏။အကြောင်းမူကား ယနေ့သည်နိုင်ငံ့မိခင် မိဖုရားခေါင်ကြီးစောနွဲ့ထယ်၏ မွေးနေ့ရက်မြတ်ဖြစ်ပြီး နန်းရှေ့တံခါးဝတွင် ပြည်သူတို့အား ဆန်ဆီဆေးအခမဲ့ဝေငှလှူဒါန်းနေသောကြောင့်ပင်။နေ့လည်ခင်းအချိန်တွင်လည်း မြို့တော်၏အရှေ့အရပ်၊မြောက်အရပ်နှင့်တောင်အရပ်တွင် ဇရပ်ကြီးသုံးခုတည်ဆောက်ကာစတုဒိသာအာဟာရဒါနကျွေးမွေးသေးသည်။အရှေ့နှင့်မြောက်ဇရပ်ကိုမိဖုရားကြီးကတာဝန်ယူကျွေးမွေးကာ တောင်ဇရပ်တွင် ထိပ်ပျံချီကတာဝန်ယူလှူဒါန်းလေသည်။ မြို့တော်သူမြို့တော်သားများထက် အခြားမြို့ရွာကသူများပါလာသောကြောင့် ပို၍စည်ကားနေတော့သည်။
အမှုငယ်သော ထောင်ထားခြားနားသူတို့ကိုလည်းကင်းလွတ်ခွင့်ပေးသည်။ဘုရားကျောင်းကန်များတွင်ဆီမီးတစ်ထောင်ပန်းတစ်ထောင်လှူဒါန်းပြီး ကျောင်းနေရဟန်းသံဃာတို့အတွက်ဆွမ်းကွမ်းပြည့်စုံစွာဆပ်ကပ်သည်။နတ်ကွန်းများတွင်လည်းအလှူကြီးပေးသည်။သာသနာပြုလာရောက်ကြကုန်သော တိုင်းတစ်ပါးဘုန်းတော်ကြီးများကိုလည်း လိုအပ်သည်များလှူဒါန်းသည်။
အခြားမြို့ရွာများကိုလည်း ယခုလအတွက်အခွန်ကင်းလွတ်စေသည်။တောင်ဘက်တံခါးဝတွင်တော့ ဘဏ္ဍာရေးရုံးမှရုံးစေတို့က ပြည်သူတို့မှမိဖုရားကြီးအတွက်ပေးအပ်လာသောလက်ဆောင်တို့ကိုစီစစ်ပေးနေရသည်။တတ်နိုင်သူတို့၏ ပိုးထည်ချောများ၊သလေးဆန်ကောင်းများ၊အခြားတိုင်းပြည်မှလက်ဝတ်တန်ဆာများမှသည်
ဇကွဲဆန်၊ပေါက်ပေါက်ဆုတ်၊မိမိတို့လုပ်အားနှင့်ရက်ထားသော ဖျင်ကြမ်းအဝတ်များ၊ရေမှုတ်၊ကောက်ရိုးဖိနပ်အထိပါဝင်သည်။
လက်ဆောင်တန်ဖိုးကြီးသည်ဖြစ်စေ နည်းသည်ဖြစ်စေ ပြည်သူတို့ကပေးအပ်လာသည်မို့ လက်ခံရမည်မှာမိဖုရားတာဝန်သာ။နယ်မြေအသီးသီးမှမြို့စား၊နယ်စား၊ရွာစားတို့မှလည်း မိမိတို့ဒေသအလိုက်ထွက်ရှိသောကုန်တို့ကိုလက်ဆောင်တင်သွင်းကြသည်။
ကုန်သည်သူဌေးသူကြွယ်တို့က လှည်းအစီးတိုက်ရတနာအသုံးအဆောင်များ၊ကောင်းပေ့ညွှန့်ပေးတန်ဖိုးကြီးအထည်များ၊ရှားပါးဆေးဝါးသစ်ဥသစ်ဖုများ၊အနာအဆာကင်းသောသစ်သီးများ၊နှစ်ချို့ပေါင်းခံထားသော သီးစုံသေရည်၊နန်းတွင်းစားဖိုဆောင်ကိုအမှီလိုက်နိုင်သည့် အချိုပွဲမုန့်များကို ဗုန်းဗောလအော သူ့ထက်ငါပေးပို့ကြသည်။
ထိုသူကြွယ်များက စေတနာထားရှိခြင်းထက် မိဖုရား၏မျက်နှာသာပေးမှုကိုလိုချင်ကြသူကြသူကပိုသည်။
ВИ ЧИТАЄТЕ
ပြည့် ရတနာ(ျပည့္ ရတနာ)