1

513 52 11
                                    

(UNICODE)

(2008)

ငယ်ငယ်တုန်းက ကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်!
"မကောင်းဆိုးဝါးက သူနဲ့အတူ ငရဲသွားဖို့ လူတွေကိုခေါ်နေတယ်" တဲ့

မကောင်းဆိုးဝါးဟာ သူတစ်ယောက်တည်း အပြစ်လုပ်ရင် သူတစ်ယောက်တည်း ငရဲသွားရမှာစိုးတာကြောင့် အပြစ်မဲ့တဲ့လူသားတွေကိုပါ အဖော်ခေါ်ရန် ကြိုးစားနေတယ်တဲ့!

ငယ်ငယ်တုန်းက သိခဲ့တဲ့ မကောင်းဆိုးဝါးကတော့ ဂျိုတွေ နဲ့လို့ ဆရာမတွေက ပြောခဲ့တယ်!
ဂျိုရှိတာကြောင့် မိုက်တယ်လို့လည်း တွေးဖူးခဲ့သေးတယ်!
မကောင်းဆိုးဝါးကလုပ်နိုင်တဲ့ အရာတွေ အများကြီးရှိတာမို့ သူအားကျခဲ့သည်!
သူလည်း မကောင်းဆိုးဝါး ဖြစ်ချင်တယ်!
တစ်နည်း မကောင်းဆိုးဝါးရဲ့ နောက်လိုက်ဖြစ်ချင်တယ်!

တဒေါင်ဒေါင် နဲ့ မြည်နေတဲ့ ဘုရားကျောင်းက ခေါင်းလောင်းတီးသံကို သူလျစ်လျူရှူလိုက်သည်!
ပြီးနောက် သူဟာ ကြောက်စရာကောင်းအောင်ပြုံးလိုက်သည်!ပြီးနောက်!!

"ငါနဲ့အတူ ဘယ်သူ့ကို ငရဲခေါ်သွားရမလဲ?"

________________Who________________

[13 နှစ်ကြာပြီးနောက်...]
2021...

"စုံထောက်ချွဲ ဘယ်ရောက်နေလဲ!!"

သတင်းစာ စာရွက် အဟောင်းတစ်ခုကို မျက်နှာမှာ အုပ်ကာ အိပ်စက်ရန်ပြင်နေတဲ့ စုံထောင်ချွဲက
အဖွဲ့မှူးရဲ့ ဆူပူသံကြောင့် ပွင့်နေပြီးဖြစ်တဲ့ မျက်လုံးတွေကို ပိုတိုး၍မှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်!

တကယ်တော့ သူအိပ်မပျော်သေးပေ!

"ဟို စုံထောက်ချွဲ အနားယူနေပါတယ်ဗျ"

လက်ထောက် အငယ်တန်း စုံထောက် မင်ရဲ့ ဖြေရှင်းသံကို သူကြားလိုက်သည်!
ဒီအချိန်ဆို အဖွဲ့မှူးက ရောက်လာနေကျ!
ပြီးရင် နေတိုင်းကြားနေကျ ဓာတ်ပြားဟောင်းကြီးကို ပြန်ပြောမည်!

"စုံထောက်တစ်ယောက် နားချိန် ဘယ်မှာရှိလို့လဲ!!
အလုပ်တွေသေချာမလုပ်ရင် မင်းတို့ကို အကုန် လစာဖြတ်ပစ်မယ်!!"

ဤသည်ကတော့ သတင်းစာစာရွက်ဟောင်းကို မျက်နှာမှာ အုပ်ကာ အိပ်ချင်ယောင်ဆောင်နေသော စုံထောက်ချွဲ ဆီမှ ထွက်လာသည့် အသံပင်!!

You've reached the end of published parts.

⏰ Last updated: Sep 05, 2021 ⏰

Add this story to your Library to get notified about new parts!

WHO?  (Uni & Zaw)Where stories live. Discover now