Chapter - 82

3.8K 678 21
                                    

Unicode

ဝက်သားနဲ့မုန်လာဥဖက်ထုပ်
_______________

နှစ်သစ်ကူးပွဲတော်ပြီးချိန်မှာ စားသောက်ဆိုင်ပြန်ဖွင့်ရဦးမှာမို့ လင်ရှုယီတို့နှစ်ယောက်က Sမြို့ကို ခပ်သုတ်သုတ်ပင်ပြန်သွားကြသည်။ ဒီအတွက်ကြောင့် သခင်ကြီးရှန်က သူတို့ကို နေဖို့မပြောချေ။ သို့သော်ငြား သူတို့ထွက်သွားသည်နှင့် အိမ်က အနည်းငယ်လစ်ဟာသွားသယောင်ရှိသည်။ ကံကောင်းချင်တော့ အိမ်ကပြန်ပြင်လို့ပြီးသွားပြီမို့ သူတို့ ဘယ်အချိန်မဆိုသွားနေလို့ရသည်။ ဤသို့တွေးမိသည်၌ သခင်ကြီးရှန်မှာ သူတို့ကိုပြန်လွှတ်ဖို့တုန့်ဆိုင်း‌မနေတော့ပေ။

လင်ရှုယီက စားသောက်ဆိုင်ကို နှစ်ရက်လောက်ပိတ်ထားခဲ့သည်။ သူတို့ပြန်ရောက်ချိန်မှာ လူတိုင်း ဆိုင်မှာရောက်နေကြပြီဖြစ်ပြီး သန့်ရှင်းရေးလုပ်နေကြ၏။ ဝန်ထမ်းအသစ်သုံးယောက်ထဲမှာ သန့်ရှင်းရေးတာဝန်ရှိသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးတစ်ယောက်ပါသည်။ ကျန်နှစ်ယောက်က မိန်းမငယ်လေးတွေဖြစ်သော်ငြား အသက်ကနှစ်ဆယ့်နှစ်၊ နှစ်ဆယ့်သုံးရှိပြီဖြစ်ကာ လင်ရှုယီထက် နည်းနည်းအသက်ကြီးသည်။

ပထမတော့ သူက ဒီဆိုင်ရှင်ဆိုတာ သူတို့မယုံကြပေ။ သူက ဆိုင်ပိုင်ရှင်ရဲ့သား၊ ဒါမှာမဟုတ် တစ်ခုခုပဲလို့ သူတို့အားလုံးတွေးကြသည်။

သို့သော်ငြား ယခုတော့ဖြင့် လင်ရှုယီပြောသမျှကို လုပ်ဆောင်ကြပေးကြသည်။

သူတို့က လင်ရှုယီနဲ့ရှန်ဖူရဲ့ဆက်ဆံရေးကိုလည်း ရိပ်မိကြ၏။ လန့်ပြီးတကယ်လက်မခံနိုင်သည့် အသက်ကြီးကြီးအမျိုးသမီးကလွဲလို့ ကျန်နှစ်ယောက်က အတော်လေးမြန်မြန်ဆန်ဆန်ပင်လက်ခံလိုက်ကြသည်။ အဆုံးမှာတော့ သူတို့က စားပွဲပေါ်ပေါင်မုန့်တင်နိုင်ဖို့ ဒီအလုပ်လုပ်နေကြတာဖြစ်သည်လေ။ သူတို့ရဲ့လစာက တခြားနေရာတွေထက်‌မြင့်ပြီး ဆိုင်ကလည်း သူတို့အိမ်တွေနဲ့နီးသည်။ ဒီလိုအလုပ်မျိုးကို သူတို့ ဘယ်မှာသွားရှာရမှာလဲ? ထို့အတွက် ပထမတော့ အမျိုးသမီးကြီးက လက်မခံနိုင်သော်ငြား ဘာမှမပြောချေ။ သူတို့က သူမရှေ့မှာ ထူးထူးဆန်းဆန်းတွေလည်းမလုပ်တာမို့ သူမက သူမရဲ့သံသယတွေနဲ့မသေချာမှုတွေအားလုံးကို ဘေးဖယ်ထားလိုက်ပြီး အလုပ်မှာ သူမတတ်နိုင်သမျှအကောင်းဆုံးလုပ်ဖို့သာအာရုံစိုက်ထားတော့သည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now