အပိုင်း (၁)
ခေါင်းစဉ်ပျောက်တဲ့ အခြေအနေတွေကို
ခင်ဗျားတို့ကြုံဖူးလား...?ဘယ်အချိန်ကစ ဒီခြုံနွယ်တွေထဲကို ဝင်တိုးခဲ့မိမှန်းမသိ...
အခုတော့ တစ်ဖက်သူကိုပါ
ဒီခြုံနွယ်တွေရဲ့ ခက်ထန်မှုတွေထဲကို ဆွဲခေါ်ခဲ့မိနေပြီ...။မဖြစ်သင့်တဲ့ အချစ်...
အင်း...နတ်မင်းကြီးက သူမထံကို
မဖြစ်နိုင်တဲ့ အချစ်တစ်ခုဆီ တွန်းပို့လိုက်တာဘဲ...ရောက်ပြီးမှ ပြန်ထွက်ဖို့လည်း မဖြစ်နိုင်ပါဘူးလေ...
တစ်ဖက်က ချစ်ရသူကိုလည်း ဒီထပ့်ပိုပြီး မထိခိုက်စေချင်ဘူး တကယ်..."နန်း...ပြန်တော့လေ"
"ဟင့်အင်း...ငါ နင်နဲ့နေရတာ မဝသေးဘူး
ဒီရင်ခွင်ကြီးထဲ ခဏထပ်အိပ်ပါရစေနော်..."နှုတ်ခမ်းကြီးကို ဆူပြီးပြောနေတဲ့ ကောင်မလေးကိုကြည့်ပြီး အသည်းယားလာတာနဲ့
ဆူထော်နေတဲ့ နှုတ်ခမ်းပါးပါးလေးကို ခြူးဖွဖွလေး ထိပစ်လိုက်တယ်...။"ဘာလို့ လာနမ်းနေတာလဲ...မျက်နှာတောင် မသစ်ရသေးတဲ့ဟာကို ဟွန့်"
"နန်းက ကိုယ့်ကို အသည်းယားအောင် လာလုပ်နေတာကိုး အရူးမလေးရဲ့..."
ဆိုပြီး နန်းရဲ့ နှာခေါင်းထိပ်ကလေးကို သာသာလေးညစ်တော့နန်း က နှာခေါင်းလေး ရှုံ့ပြီး သူ့ရင်ခွင်ထဲ အတင်းတိုးဝင်လာတယ်...။
"ချစ်တယ်လို့ မပြောနိုင်သေးပေမယ့် ငါနင်နဲ့ ဒီလိုနေရတာကို တော်တော်ကြီးသဘောကျနေမိတာ ခြူး"
"ငါသိပါတယ်...
အဲ့တာကြောင့် ဒီလိုအခြေအနေကြီးကို ငါလက်ခံထားတာပေါ့"ဟုတ်တယ်...ခြူးနဲ့ နန်းဟာ ချစ်သူတွေမဟုတ်ကြဘူး
အပျော်တွဲတဲ့ ရည်းစားလည်းမဟုတ်ဘူး
သူငယ်ချင်းလို့ခေါ်ရအောင်လည်း သိပ်ရိုးရှင်းမနေဘူးလေ
သူတို့က ဒီအတိုင်း ခေါင်းစဉ်ပျောက်နေတဲ့ ဆက်ဆံရေးမှာ ရှိနေရုံလေးတင်ရယ်~~~_________________________________________________
နန်း သူ့ကိုချစ်လားလို့မေးရင် "မသိဘူး"လို့ဘဲ ဖြေမိမှာ...
တကယ်လည်း နန်းမသိဘူး...
သူ့ရင်ဘတ်ကြီးထဲ ကိုယ်တစ်ယောက်ထဲရှိတာ သိရတော့
သဘောကျခံရတာ ကြိုက်တဲ့ နန်းက သူ့အနားရှိတဲ့
ဒီနှစ်တွေကို တအားသဘောခွေ့ခဲ့ရတာ...
YOU ARE READING
-Untitled-
Short Storyခေါင်းစဉ်ပျောက်တဲ့ ဆက်ဆံရေးတွေကိုကြုံဖူးလား? အဲ့ကနေ အဆင့်တတ်ဖို့ ကြိုးစားရင် ဘာဖြစ်လိမ့်မယ်ထင်သလဲ?